သတင်းတို

ဒေါ်အောင်ဆန်းစုကြည် မဟာချိုင် သွားမည်

This article has been converted from Zawgyi One to Unicode

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သည် မြန်မာနိုင်ငံသားများစွာ အလုပ်လုပ်ကိုင်နေသော ထိုင်းနိုင်ငံ စမွတ် စခွန်ခရိုင် မဟာချိုင် မြို့သို့ မေလ ၃၀ ရက်တွင် သွားရောက်မည်ဖြစ်ကြောင်း သိရသည်။ ထိုင်းနိုင်ငံ၌ တရားဝင် နေထိုင် လုပ်ကိုင် ခွင့် အလုပ်သမား လက်မှတ် ပြုလုပ်ပေးမှု အခြေအနေများကိုလည်း လေ့လာရန်ရှိကြောင်း၊ မြန်မာ အလုပ်သမားများနှင့် မိသားစု ဝင် များကိုလည်း တွေ့ဆုံ စကားပြောရန်ရှိကြောင်း အလုပ်သမားအရေး ကူညီနေသူ တဦးက ပြောသည်။ ဒေါ်အောင်ဆန်းစုကြည် သည် မေလ ၃၀ ရက် ဘန်ကောက်မြို့၌ စတင်ကျင်းပမည့် ကမ္ဘာ့စီးပွားရေး ဖိုရမ်သို့ တက်ရောက် မိန့်ခွန်းပြောရန်ရှိပြီး ထိုင်း-မြန်မာ နယ်စပ်ရှိ မယ်လ ဒုက္ခသည်စခန်းသို့လည်း သွားရောက် လေ့လာရန်ရှိကြောင်း သိရသည်။

Loading