မြန်မာနိုင်ငံတွင်း လတ်တလော ဖြစ်ပေါ်နေသော အလုပ်သမား ဆန္ဒပြမှုများ၊ လျှပ်စစ်မီး ပုံမှန်ရရှိရေး ဆန္ဒပြမှုများနှင့် ပတ်သက်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီများကို ယမန်နေ့က နေပြည်တော်တွင် ခေါ်ယူ သတိပေးလိုက်သည်။ယင်း ဆန္ဒပြမှုများတွင် နိုင်ငံရေး ပါတီတချို့ ပါဝင်ပတ်သက်နေသည်ကို သိရှိကြောင်း၊ ထိုသို့ပတ်သက်သည့် ပါတီအနေဖြင့် နိုင်ငံရေး ပါတီ များ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မများအရ ဝန်ခံချက်များကို ချိုးဖောက်ခြင်းဖြစ်၍ ပါတီ၏ တရားဝင် ရပ်တည်ခွင့်ကို ထိခိုက်နိုင်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေးက သတိပေး ပြောကြားခြင်းဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။