မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက် ၉ း ၄၅ နာရီ ခန့်က မြန်မာ အလုပ်သမား အများစု အလုပ်လုပ်နေကြသော ထိုင်းနိုင်ငံ ဘန်ကောက်မြို့ အနီးရှိ မဟာချိုင် ဒေသသို့ ရောက်ရှိကြောင်း သိရသည်။ ထောင်နှင့် ချီသည့် အလုပ်သမားများက ဆိုင်းဘုတ်များ၊ ကြွေးကြော်သံများဖြင့် ကြိုဆိုကြကြောင်း သတင်းများက ဖော်ပြသည်။ ဒေါ်အောင်ဆန်းစုကြည် သည် ကမ္ဘာ့စီးပွားရေး ဖိုရမ် တက်ရောက်ရန် ယမန်နေ့ ညပိုင်းက ဘန်ကောက်မြို့သို့ ရောက်ရှိလာခဲ့သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။