ထိုင်း-မြန်မာ နယ်စပ်ရှိ ဒုက္ခသည် စခန်း ၉ ခုမှ လူ ဦးရေ ၂ သိန်းခန့်ရှိသော ဒုက္ခသည်များ နေရပ်ပြန်ပို့ရေး အတွက် ထိုင်းအစိုးရ အနေဖြင့် မြန်မာအစိုးရနှင့် ဆွေးနွေးစေလိုကြောင်း ထိုင်းစစ်တပ်က ပြောသည်။ လွန်ခဲ့သည့် အပတ်က ထိုင်းကာကွယ်ရေး ဝန်ကြီး နှင့် စစ်တပ် အကြီးအကဲတို့ တွေ့ဆုံရာတွင် မြန်မာ ဒုက္ခသည်များ ပြန်ပို့ရေးအတွက် ဆွေးနွေးခဲ့ကြကြောင်း ဘန်ကောက်ပို့စ် သတင်း တွင် ဖော်ပြထားသည်။ ဒုက္ခသည်များ နေရပ်ပြန်သွားပါက ဒုက္ခသည် စခန်းများကို ပိတ်ပစ်မည်ဟုလည်း ဆိုသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။