သတင်းတို
အစိုးရသစ်လက်ထက် လူ့အခွင့်အရေး ချိုးဖောက်မှုများ အစီရင်ခံစာ ထုတ်ပြန်
This article has been converted from Zawgyi One to Unicode
၂၀၁၀ ရွေးကောက်ပွဲ ကာလမှ စ၍ လူအခွင့်အရေး ချိုးဖောက်မှုပေါင်း ၃၈ ခုကို မှတ်တမ်းတင်ထားသော အစီရင်ခံစာ တစောင်ကို ယနေ့ လူ့အခွင့်အရေး မှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) အဖွဲ့က ယနေ့ ထုတ်ပြန် လိုက်သည်။ အစီရင်ခံစာကို “တရားလွန် ပြုကျင့်မှုများ၊ ၂၀၁၀ ရွေးကောက်ပွဲကာလမှစ၍ ညဉ်းပန်းနှိပ်စက်မှုများနှင့် အနိုင်အထက် ပြုကျင့်မှုများ” ဟု အမည်မေးထားပြီး ဘန်ကောက်မြို့ရှိ နိုင်ငံခြား သတင်းထောက်များကလပ် (ထိုင်းနိုင်ငံ) တွင် ယနေ့ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်မည်ဟု သိရသည်။ အဆိုပါ အစီရင်ခံစာတွင် အကျဉ်းထောင်များ၊ လက်နက်ကိုင် ပဋိပက္ခ ဖြစ်နေသော တိုင်းရင်းသားဒေသများတွင် ပေါ်ပေါက်ခဲ့သည့် ညှဉ်းပန်းနှိပ်စက်မှုနှင့် အနိုင်အထက်ပြုကျင့်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှု ပေါင်း ၃၈ ခုကို မှတ်တမ်းတင်ထားခြင်း ဖြစ်သည်။