၁၉၉၀ ခုနှစ်ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ် ဒေသတော်တော်များများတွင် အနိုင်ရခဲ့သော နိုင်ငံရေးပါတီတခုဖြစ်သည့် ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ်ကို မေလ ၃၀ ရက်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့် ပြုလိုက်ကြောင်း သိရသည်။ ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ်သည် ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ ခေါင်းဆောင်တဦးဖြစ်သည့် ဦးအေးသာအောင် ဦးဆောင်သည့် နိုင်ငံရေး ပါတီတခုလည်းဖြစ်သည်။ ပါတီရုံးချုပ်ကို ရန်ကုန်တိုင်း ပုဇွန်တောင်မြို့နယ် ၃ ရပ်ကွက် အောက်ပုဇွန်တောင်လမ်း အမှတ် ၃၇၃ တွင် ဖွင့်လှစ်ထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။