ကချင်ဒေသ ငြိမ်းချမ်းရေး အတွက် အစိုးရ နှင့် ကချင်ပြည် လွတ်လပ်ရေး အဖွဲ့(KIO) ကိုယ်စားလှယ်များ ဇွန်လ ၁ ရက် နေ့တွင် ထပ်မံတွေ့ဆုံ ဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။ ကချင်ပြည်နယ် လွယ်ဂျယ် မြို့နယ်အတွင်း၌ ပြည်ထောင်စု ငြိမ်းချမ်း ရေး ဖော်ဆောင်ရေး လုပ်ငန်းကော် မတီမှ ဦးအောင်မင်း ဦးဆောင်သော ကိုယ်စားလှယ်များနှင့် တွေ့ဆုံရန် စီစဉ်ထားပြီး အပစ် အခတ် ရပ်စဲရေးနှင့် ပတ်သက်၍ ဆွေးနွေးမည်ဟု KIO နှင့် နီးစပ်သူ တဦးက ပြောသည်။ ပြီးခဲ့သည့် ၂၁ ရက်နေ့က ထိုင်းနိုင်ငံ ချင်ရိုင် နယ်စပ်တွင် ဦးအောင်မင်း ခေါင်းဆောင်သော ကိုယ်စားလှယ် တချို့နှင့် ကချင် ပြည် လွတ်လပ်ရေး တပ်မတော်(KIA) မှ ဒု စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်တို့ နောက်ဆုံး တွေ့ဆုံခဲ့ကြသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။