သတင်းတို

ငွေလဲကောင်တာ အသစ်များ ထပ်ဖွင့်

This article has been converted from Zawgyi One to Unicode

ရန်ကုန်နှင့် နေပြည်တော်အပါအဝင် မြန်မာပြည်ရှိ မြို့ကြီးများတွင် နိုင်ငံခြားငွေလဲ ကောင်တာအသစ် စုစုပေါင်း ၆၂ ခု ထပ်ဖွင့်လိုက်ပြီဖြစ်ကြောင်း ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြထားသည်။ ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊ ညောင်ဦး၊ စစ်တွေ၊ တောင်ကြီး၊ ညောင်ရွှေ၊ မူဆယ်၊ ဟဲဟိုး စသည့် မြို့ကြီးများတွင် ဇွန် ၁ ရက်နေ့မှ စ၍ ငွေလဲကောင်တာ အသစ်များ ဖွင့်ထားပြီဖြစ်ကြောင်း၊ ထပ်မံ၍လည်း တိုးချဲ့ ဖွင့်လှစ်သွားဦးမည် ဖြစ်ကြောင်း သိရသည်။

Loading