ယခု ဇွန်လကုန်တွင် စာနယ်ဇင်းများ အပေါ် ဆင်ဆာဖြတ်တောက်မှု ရှိတော့မည် မဟုတ်ကြောင်း စာပေစိစစ်ရေး ညွှန်ကြားရေးမှူး ဦးတင့်ဆွေက AFP နှင့် မေးမြန်းခန်းတွင် ပြောကြားလိုက်သည်။ ယခုအခြေအနေသည် အချိန်အခါသင့်ဖြစ်ကြောင်း၊ ပါလီမန်နှင့် အစိုးရက ဒီမိုကရေစီအရေး လုပ်ဆောင်နေချိန်တွင် ဆင်ဆာဖြတ်နေခြင်းက အလုပ်ဖြစ်ပါဦးမည်လောဟု ဦးတင့်ဆွေက ပြောကြောင်းဖော်ပြထားသည်။ ဆင်ဆာဖြတ်တောက်မှု မရုပ်သိမ်းမီ လွတ်လပ်သောစာနယ်ဇင်း ကောင်စီ ပေါ်ပေါက်ရေးအတွက် မြန်မာ ဂျာနယ်လစ် အဖွဲ့များကို ကောင်စီနှင့် သက်ဆိုင်သော လုပ်ငန်း တာဝန်များအား လွတ်လပ်စွာ ရေးဆွဲခွင့် ပြုထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။