သတင်းတို

မန္တလေး ကျောက်ဝိုင်း ဝင်ခ မကောက်ခံတော့

This article has been converted from Zawgyi One to Unicode

ဆန္ဒပြမှုကြောင့် မန္တလေး ကျောက်ဝိုင်းအတွင်း တနှစ်စာ ဝင်ခွင့်ကဒ်များ ယနေ့ စတင် ရုတ်သိမ်းလိုက်ပြီ ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သယာရေး ကော်မတီထံမှ သိရသည်။ ဈေးအတွင်းတနှစ်စာ ဝင်ကြေးကောက်ခံမှုကြောင့် ယင်းအစီစဉ်အား ရုတ်သိမ်းပေးရန် ဈေးသူဈေးသားများက ၄ ရက်ကြာ ဆန္ဒပြမှုကြောင့် အဆိုပါ အစီအစဉ်ကို ဆက်လက်လုပ်ဆောင်မည် မဟုတ်တော့ကြောင်း သိရှိရသည်။ မန္တလေး ကျောက်ဝိုင်းအတွင်း ဝင်ခွင့် တနှစ်စာကတ်အတွက် ကျပ် ငါးထောင် ကောက်ခံရန် ယခင်က စီစဉ်ထားခြင်း ဖြစ်သည်။

Loading