မြန်မာနိုင်ငံတွင် နိုင်ငံရေးနှင့် လူ့အခွင့်အရေး ပြုပြင်ပြောင်းလဲမှုများ ဆက်လုပ်လျှင် အမေရိကန်အနေဖြင့် မြန်မာနှင့် စစ်ရေးပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်မည်ဟု အမေရိကန် ကာကွယ်ရေးဝန်ကြီး Leon Panetta က ပြောဆိုလိုက်သည်။ စင်ကာပူနိုင်ငံ၌ ကျင်းပသော ရှန်ဂရီလာ လုံခြုံရေး ထိပ်သီးဆွေးနွေးပွဲတွင် အမေရိကန် ကာကွယ်ရေးဝန်ကြီးက ပြုပြင်ပြောင်းလဲမှုများ ဆက်လက်ဖော်ဆောင်ပါက ပင်တဂွန်အနေဖြင့် မြန်မာနှင့် နှစ်နိုင်ငံစစ်ဘက်ဆက်ဆံရေး ပိုမိုကောင်းမွန် လာအောင် ဆွေးနွေးလိုသည်ဟု ပြောသည်။ မြန်မာအပါအဝင် ဒေသတွင်းနိုင်ငံများ ကာကွယ်ရေးစွမ်းရည် မြင့်မားစေရန် အမေရိကန်က အကူအညီပေးမည်ဟု Leon Panetta က ပြောဆိုသွားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။