မြန်မာ အစိုးရ အနေနှင့် နျူကလီးယား ဆိုင်ရာ အစီအစဉ်များ ရပ်ဆိုင်းလိုက်ပြီ ဖြစ်ကြောင်း ကာကွယ်ရေး ဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး လှမင်းက ပြောကြားလိုက်သည်။ ယခင်စစ်အစိုးရ လက်ထက်က ပညာရပ်ဆိုင်ရာ သုတေသန လေ့လာမှုများနှင့် နျူကလီးယား စွမ်းအင်အတွက် နျူကလီးယား စီမံကိန်း ရှိခဲ့ကြောင်း နှင့် နျူကလီးယား လက်နက် ထုတ်လုပ်ရန် ရည်ရွယ်ခဲ့ခြင်း မဟုတ်ကြောင်း ဒု ဗိုလ်ချုပ်ကြီး လှမင်းက စင်္ကာပူ နိုင်ငံတွင် ကျင်းပသော အာရှဒေသ လုံခြုံရေးဆိုင်ရာ ညီလာခံ(Shangri-la Dialogue)၌ ပြောကြား သွားခြင်း ဖြစ်သည်ဟု AP သတင်းတွင် ရေးသားထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။