သတင်းတို

ရခိုင်ဒေသ ပဋိပက္ခ ဝိုင်းဝန်းထိန်းသိမ်းရန် ၈၈ အဖွဲ့ မေတ္တာရပ်ခံ

This article has been converted from Zawgyi One to Unicode

ရခိုင်ပြည်နယ်အတွင်း မကြာသေးခင်က ဖြစ်ပွားခဲ့သော ပဋိပက္ခများသည် လူမျိုးရေး ၊ ဘာသာရေးများနှင့် ဆက်နွယ်နေ၍ စိုးရိမ်ဖွယ် ရာ ဖြစ်သောကြောင့် အားလုံး ဝိုင်းဝန်း ထိန်းသိမ်းပေးကြရန် ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က မေတ္တာရပ်ခံလိုက်သည်။
ဇွန်လ ၃ ရက် ညနေပိုင်းက စစ်တွေမြို့၌ ဈေးကောက် ကောက်ခံသည့် ကိစ္စအား မကျေနပ်၍ လူစု လူဝေးဖြင့် ရဲ စခန်းကို သွားရောက် ဖျက်ဆီးမှု၊ ဇွန်လ ၃ ရက်နေ့ ညနေပိုင်းတွင်ပင် သံတွဲမှ ရန်ကုန်သို့ မောင်းနှင်လာသော ရိုးမသစ္စာ ခရီးသည်တင် ကားပေါ် ပါလာသူ ၁၀ ဦးကို တောင်ကုတ်မြို့တွင် လူအုပ်စုက သတ်ဖြတ်ခဲ့မှု၊ မေလ ၂၈ ရက်က ရမ်းဗြဲ မြို့နယ် ကျောက်နီမော် ကျေးရွာ အုပ် စု သပြေချောင်း ကျေးရွာနေ အသက် ၂၇ နှစ်ရှိ မသီတာထွေးကို လူငယ် ၃ ဦးက အဓမ္မပြုကျင့် သတ်ဖြတ်၍ လက်ဝတ် လက် စား ရွှေထည်ပစ္စည်းများ ယူဆောင်သွားသည့် အမှု စသည့် ရာဇဝတ်မှုခင်းများ ဖြစ်ပွားခဲ့ကြောင်း ယနေ့ထုတ်အစိုးရ သတင်းစာများက ဖော်ပြသည်။

Loading