ရခိုင်ပြည်နယ် အတွင်း မကြာသေးခင်က ဖြစ်ပွားခဲ့သည့် ပဋိပက္ခများနှင့် ပတ်သက်၍ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) က ကြေညာချက်၂ စောင်ထုတ်ပြန်လိုက်သည်။ ကြေညာချက်တခု၌ ကျောက်နီမော်ဒေသခံ အမျိုးသမီး တဦးအား အမျိုးသား သုံးဦးက အဓမ္မပြုကျင့် သတ်ဖြတ်မှုနှင့် တောင်ကုတ်မြို့၌ မွတ်စလင် ၁၀ ဦးကို အကြမ်းဖက် တိုက်ခိုက် သတ်ဖြတ်မှုတို့ကို လုံး၀ ရှှုတ်ချကြောင်း၊ တခြား တစောင်၌ စစ်တွေမြို့၌ လူထုအုံကြွမှုအား ပြည်နယ် အစိုးရ အာဏာပိုင်များက သေနတ်ဖောက် ဖြိုခွဲမှုသည် လို အပ်သည်ထက် ပိုမိုနှိမ်နင်းခဲ့သည့်အတွက် ဤသို့ ထပ်မံ မဖြစ်ပွားရန် ထိန်းသိမ်းသင့်ကြောင်းတို့ ရေးသားထားသည်။ စစ် တွေ မြို့၌ ဖြစ်ပွားခဲ့သည့် လူထု အုံကြွမှု၌ အကြမ်းဖက်သမား အုပ်စုတခုက အကြောင်းပြချက် ခိုင်လုံမှု မရှိဘဲ ပြုလုပ်သည့် အကြမ်းဖက် လုပ်ရပ်ကိုလည်း ရှှုတ်ချကြောင်း စသည်တို့ကို ယနေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။