ကချင်ပြည်နယ်တွင် ကချင် လွတ်လပ်ရေး အဖွဲ့(KIO) နှင့် အစိုးရတပ်များ ဖြစ်ပွားနေသည့် တိုက်ပွဲများကို အမြန်ဆုံး ရပ်တန့်ပေး ရန် ကချင်ပြည်နယ်လုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂအဖွဲ့(AKSYU) က ဦးဆောင်၍ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မြန်မာသံရုံး ရှေ့ တွင် ယနေ့ တောင်းဆို ဆန္ဒပြခဲ့ကြသည်။ သမ္မတ ဦးသိန်းစိန် အပါအဝင် ကုလသမဂ္ဂ အဖွဲ့များကလည်း ကူညီဆောင်ရွက်ပေးရန် နှင့် စစ်ပြေး ဒုက္ခသည်များကို ထောက်ပံ့ ကူညီပေးရန် ရည်ရွယ် ပြုလုပ်ခြင်းဖြစ်ကြောင်း AKSYU မှ အထွေထွေ အတွင်းရေးမှူး နော် ဆန်း က ပြောသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။