သတင်းတို
တနင်္သာရီတိုင်း ရွာ ၉ ရွာ ရေကြီးနေ
This article has been converted from Zawgyi One to Unicode
Want create site? Find Free WordPress Themes and plugins.
တနင်္သာရီတိုင်း ကော့သောင်းမြို့အရှေ့ဘက်ရှိ ပင်လယ်ပြင်နှင့်ဆက်နေသော ပါကျန်မြစ်ရေ လျှံတက်လာပြီး ကမ်းခြေပိုင်းရှိ ရွာ ၉ ရွာ ရေနစ်မြုပ်နေကြောင်း သိရသည်။ ယမန်နေ့ညက စတက်လာသော မြစ်ရေကြောင့် ကော့သောင်းမြို့ ခမောက်ကြီးမြို့နယ်ရှိ အေးချမ်းသာရွာ အပါအဝင် အနီးရှိ ကမ်းရိုးတန်းရွာများတွင် အိမ်ခေါင်မိုးအထိ နစ်မြုပ်နေကြောင်း ဒေသခံများက ပြောသည်။ ရေကြီး မှုကြောင့် အဆောက်အအုံနှင့် ပစ္စည်းများ မျောပါသွားခဲ့သော်လည်း လူ ထိခိုက်မှု မရှိကြောင်း သိရသည်။ စာသင်ကျောင်းများလည်း ပိတ်ထားရပြီး ရေဘေးသင့် ဒေသခံတချို့သည် ကုန်းမြင့်ပိုင်းရှိ ကျေးရွာ စာသင်ကျောင်းများနှင့် ထိုင်းနိုင်ငံဘက် ရနောင်းမြို့တွင် ခိုလှုံနေကြရကြောင်း သိရသည်။ ရနောင်းဘက်တွင်လည်း မုန်တိုင်းသတိပေးချက် ထုတ်ပြန်ထားသည်ဟု ဆိုသည်။
Did you find apk for android? You can find new Free Android Games and apps.