သတင်းတို

လိုင်စင်မဲ့ ဆိုင်ကယ်များ နေ့ချင်းပြီး တရားဝင်လိုင်စင် ထုတ်ပေးနေ

This article has been converted from Zawgyi One to Unicode

ထိုင်း-မြန်မာ နယ်စပ် ရှမ်းပြည်နယ် တာချီလိတ် မြို့တွင် နယ်စပ်မှ လိုင်စင်မဲ့ ဝင်ရောက်သည့် ဆိုင်ကယ်များကို ယမန်နေ့က စတင် ၍ တရားဝင်လိုင်စင် နေ့ချင်းပြီး ထုတ်ပေးနေကြောင်း သိရသည်။ လိုင်စင် ပြုလုပ်သူ အနေဖြင့် သတ်မှတ် အခွန် နှုန်းထား အတိုင်း သာ ပေးဆောင်ရမည် ဖြစ်ပြီး မည်သည့် အပိုကြေးမှ ပေးဆောင်ရန် မလိုကြောင်း၊ တရားဝင် အခွန်ပေးဆောင်ရာတွင် နိုင်ငံသား စိစစ်ရေး ကတ်၊ အိမ်ထောင်စု စာရင်း သို့မဟုတ် ရပ်ကွက်ထောက်ခံစာ လိုအပ်ကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာ၌ ဖော် ပြသည်။ ယင်း အစီအစဉ်ကို အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ အကောက်ခွန် ဦးစီးဌာန၊ ပြည်တွင်း အခွန်များ ဦးစီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၊ မြန်မာ့ အာမခံ လုပ်ငန်း၊ မြန်မာ့ စီးပွားရေး ဘဏ်တို့မှ ဝန်ထမ်းများက One Stop Service စနစ်ဖြင့် ဆောင်ရွက်ပေးနေခြင်းဖြစ်သည်ဟုလည်း ဆိုသည်။

Loading