သတင်းတို

ဒေါ်အောင်ဆန်းစုကြည်ကို ပြင်သစ်က ဖိတ်ခေါ်

This article has been converted from Zawgyi One to Unicode

ဒေါ်အောင်ဆန်းစုကြည်သည် ပြင်သစ်နိုင်ငံသို့ ဇွန်လ ၂၆ ရက်မှ ၂၉ ရက်အထိ သွားရောက်လည်ပတ်ရန်ရှိကြောင်း သိရသည်။ ယင်းခရီးစဉ်ကို ပြင်သစ် သမ္မတ သစ် Francois Hollande က ဖိတ်ကြားခြင်း ဖြစ်သည်ဟု ဘန်ကောက်ပို့စ် သတင်း၌ ဖော်ပြ သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ဇွန်လ ၁၄ ရက်မှ စတင်၍ နိုဘဲလ် ငြိမ်းချမ်းရေး ဆုယူရန် နော်ဝေးနိုင်ငံသို့ သွားရောက်မည်ဖြစ်ပြီး ဗြိတိန်၊ အိုင်ယာလန်၊ ဆွစ်ဇာလန် စသည့် နိုင်ငံများသို့လည်း သွားရောက်မည်ဖြစ်ကြောင်း သိရသည်။

Loading