သတင်းတို

ဒု ဝန်ကြီး နှစ်ဦး ရာထူးမှနုတ်ထွက်

This article has been converted from Zawgyi One to Unicode

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးသာဦး အပါအဝင် စွမ်းအင်ဝန်ကြီးဌာန ဒု ဝန်ကြီး ဦးစိုးအောင်၊ ဆက်သွယ်ရေး စာတိုက်နှင့် ကြေးနန်း ဝန်ကြီးဌာန ဒု ဝန်ကြီး ဦးတင့်လွင် တို့သည် မိမိတို့ ဆန္ဒအလျောက် ရာထူးမှ နုတ်ထွက်ကြောင်း ယနေ့ ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။ ယင်း ရာထူးမှ နုတ်ထွက်ခွင့်အမိန့်ကို သမ္မတ ဦးသိန်းစိန် လက်မှတ်ဖြင့် ထုတ်ပြန် ထားခြင်း ဖြစ်သည်။ အစိုးရ ဝန်ကြီးများ ဆန္ဒအလျောက် ရာထူးမှ နုတ်ထွက်ခြင်းသည် ပထမဆုံး အကြိမ်လည်း ဖြစ်သည်။

Loading