သတင်းတို
ရခိုင်ပြည်နယ် ပဋိပက္ခများအတွက် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့
This article has been converted from Zawgyi One to Unicode
မကြာသေးမီက ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခများအတွက် ပြည်ထောင်စု အစိုးရအဖွဲ့က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းလိုက်ကြောင်း ဇွန်လ ၆ ရက်နေ့စွဲဖြင့် ကြေညာသည်။ အဆိုပါ စုံစမ်းစစ်ဆေးရေးအဖွဲ့တွင် ပြည်ထဲရေး ဒု ဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်၊ ဒု ရဲချုပ် ရဲမှူးချုပ် ဇော်ဝင်း အပါအဝင် ရခိုင်ပြည်နယ် ဥပဒေအရာရှိ၊ ရဲမှူး၊ အထူးစုံစမ်းစစ်ဆေးရေးမှူး စသည့် ပြည်နယ်အဆင့် တာဝန်ရှိသူများလည်း ပါဝင်သည်။ စုံစမ်းစစ်ဆေးရေး အဖွဲ့အနေဖြင့် ဇွန်လ ၃၀ ရက်နေ့ နောက်ဆုံးထား၍ သမ္မတထံ တိုက်ရိုက် အစီရင်ခံရမည်ဖြစ်ကြောင်း သိရသည်။