မြန်မာ အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ် ၁၄ ဦး အဖွဲ့သည် ဆွီဒင်နိုင်ငံသို့ ၁၀ ရက်တာ လေ့လာရေး ခရီးစဉ်အတွက် ယမန်နေ့က ထွက်ခွာသွားကြကြောင်း သိရသည်။ အမျိုးသမီး ကိုယ်စားလှယ်အဖွဲ့တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ လွှတ်တော် ကိုယ်စားလှယ်များဖြစ်ကြသော ဒေါက်တာ မေဝင်းမြင့်၊ ဒေါ်ခင်ဌေးကြွယ်၊ ဒေါ်စန္ဒာမင်း အပါအဝင် တခြား နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များလည်း ပါဝင်သည်။ မြန်မာအမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်အဖွဲ့သည် ဆွီဒင် ပါလီမန်၊ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမျိုးသမီး ကွန်ရက်များ၊ နိုင်ငံရေးပါတီ များနှင့် International IDEA အဖွဲ့များသို့ သွားရောက်လည်ပတ်မည်ဖြစ်ကြောင်း သိရှိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။