သတင်းတို

iPay ကတ်များ မိုဘိုင်း banking စနစ်ဖြင့် သုံးနိုင်ရန် စီစဉ်

This article has been converted from Zawgyi One to Unicode

iPay ကတ်များကို မိုဘိုင်း banking စနစ်ဖြင့် ဘဏ်များနှင့်ချိတ်ဆက်ကာ ဈေးဝယ်စူပါစင်တာများတွင် အလွယ်တကူသုံးနိုင်ရန် စီစဉ်လျက်ရှိကြောင်း ကစ္စပနဒီ ကုမ္ပဏီ၏ အဆိုအရ သိရသည်။ လက်ရှိတွင် ယင်းကတ်များကို အဓိပတိ ကားလိုင်း အနီနှင့် အပြာတွင်လည်းကောင်း ဒလ-ပန်းဆိုးတန်း ကူးတို့ဆိပ်တွင်လည်းကောင်း အသုံးပြုနိုင်ပြီး တခြားယာဉ်လိုင်းများ မီးရထားလိုင်းများတွင်ပါ သုံးနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။ ယင်းကတ်များကို ၂၀၁၁ နှစ်ကုန်ပိုင်းတွင် စတင်အသုံးပြုခဲ့ပြီး လက်ရှိတွင်မှု အသုံးပြုသူဦးရေ နည်းပါးနေသေးသည်။

Loading