မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးများကို အားပေးသည့်အနေဖြင့် မြန်မာအပေါ် ချမှတ်ထားသည့် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုများထဲမှ ကျန်ရှိနေသော ပိတ်ပင် အရေးယူမှုများကို မကြာမီတွင် ရုပ်သိမ်းမည် ဖြစ်ကြောင်း သြစတြေးလျ နိုင်ငံခြားရေး ဝန်ကြီး Bob Carr က သမ္မတ ဦးသိန်းစိန်နှင့် တွေဆုံအပြီး ကြေညာခဲ့ကြောင်း ABC News သတင်းတွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံမှ ၁၂၆ ဦးအား ပစ်မှတ်ထား ခရီးသွားလာခွင့် ပိတ်ပင်ထားခြင်းနှင့် ဘဏ္ဍာရေးဆိုင်ရာ ပိတ်ပင်မှုကို ဖယ်ရှားလိုက်သော်လည်း လက်နက်ရောင်းဝယ်မှု တားမြစ်ထားချက်သည် အရေးယူမှုအဖြစ် ဆက်လက် ကျန်ရှိနေမည်ဖြစ်ကြောင်း သိရသည်။ ယမန်နေ့ကလည်း သြစတြေးလျ နိုင်ငံခြားရေး ဝန်ကြီးသည် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သေးသည်။
ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေအိမ်အကျယ်ချုပ် စစ်ဆေးခံနေရ
စစ်ကောင်စီအဖွဲ့ဝင် ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို အဂတိလိုက်စားမှုအတွက် နေအိမ်တွင် အကျယ်ချုပ်ဖမ်းဆီးထားသည်။