သမ္မတ ဦးသိန်းစိန် ထိုင်းနိုင်ငံခရီးစဉ် ရွှေ့ဆိုင်းရခြင်းသည် မြန်မာနိုင်ငံတွင်း ဆန္ဒပြမှုများ ဖြစ်ပွားသောကြောင့်ဟု ဆိုသည်။ မေလ ၃၁ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ ဘန်ကောက်မြို့၌ ကျင်းပသော ကမ္ဘာ့ စီးပွားရေး ဖိုရမ် တက်ရောက်ရန် စီစဉ် ထားသော် လည်း စက်ရုံ အလုပ်ရုံများမှ အလုပ်သမား ဆန္ဒပြမှုများ၊ လျှပ်စစ်မီး အပြည့်အ၀ ရရှိရေး ဆန္ဒပြမှုများအား အေးချမ်းစွာ ဖြေရှင်းပေးနိုင်ရန် ဆောင်ရွက်နေသော သက်ဆိုင်ရာတာဝန်ရှိသူများကို ကြီးကြပ် လမ်းညွှန်မှုပေးရေးအတွက် ပြည်တွင်း၌ ရှိနေရန် လိုအပ် သောကြောင့် ထိုင်း ခရီးစဉ်ကို ရွှေ့ဆိုင်းလိုက်ရခြင်းဖြစ်ကြောင်း၊ နှစ်နိုင်ငံ အဆင်ပြေသည့် အချိန်တွင် ထိုင်းနိုင်ငံသို့ လာရောက်နိုင် ရန် စီစဉ်သွားမည် ဖြစ်ကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများ၌ ရေးသားထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။