သတင်းတို

မောင်းတော တည်းခိုခန်း ဖျက်ဆီးမှု လုံခြုံရေးတပ်ဖွဲ့ ထိန်းသိမ်း

This article has been converted from Zawgyi One to Unicode

ရခိုင်ပြည်နယ် မောင်းတောမြို့ပေါ်ရှိ ယူနိုက်တက် တည်းခိုခန်းအား ဖျက်ဆီးခြင်း၊ မြို့မဘုန်းတော်ကြီးကျောင်းကို ခဲဖြင့်ပစ်ပေါက် ခြင်း တို့ကို လူတစု က ယနေ့ နေ့လယ်ပိုင်းတွင် လုပ်ဆောင်ခဲ့၍ နယ်မြေ လုံခြုံရေး စစ်တပ်နှင့် ရဲတပ်ဖွဲ့ တို့က သေနတ် ပစ် ဖောက် လူစုခွဲခဲ့ကြောင်း ဒေသခံများက ပြောသည်။ ထိခိုက် ဒဏ်ရာရသူ မရှိကြောင်း၊ ထိုသို့ လုပ်ဆောင်ခြင်းမှာ ဇွန်လ ၃ ရက် နေ့က တောင်ကုတ်မြို့၌ ဖြစ်ပွားခဲ့သော လူ ၁၀ ဦး အသတ်ခံရသည့် ပဋိပက္ခနှင့် ပတ်သက်၍ မကျေနပ်ခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။

Loading