သတင်း

ထားဝယ် စီမံကိန်း မြေသိမ်းမှု Max Myanmar ပတ်သက်နေ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.
တနင်္သာရီတိုင်း ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်း အစိတ်အပိုင်း တနေရာ (ဓာတ်ပုံ - Reuters)
တနင်္သာရီတိုင်း ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်း အစိတ်အပိုင်း တနေရာ (ဓာတ်ပုံ - Reuters)

တနင်္သာရီတိုင်းရှိ ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းနှင့် ဆက်စပ်နေသည့် မြေယာ သိမ်းယူမှု နှင့် မြေယာ အရောင်းအဝယ် ကိစ္စများတွင် ကန်ထရိုက်ရရှိ ထားသော ပုဂ္ဂလိက ကုမ္ပဏီ ဝန်ထမ်းတချို့ပါဝင်နေကြောင်း ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ဦးကိုကိုကြီး က ပြောသည်။

အဆိုပါ စီမံကိန်းများ အတွက် ဆောက်လုပ်ရေး လုပ်ငန်းများကို ကန်ထရိုက် ရရှိထားသော ဦးဇော်ဇော် ပိုင်သည့် Max Myanmar ကုမ္ပဏီမှ အောက်ခြေ ဝန်ထမ်းတချို့က ပါဝင်ပတ်သက်နေခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယင်း စီမံကိန်းကို တာဝန်ယူဆောက်လုပ်နေသော Italian-Thai Development ကုမ္ပဏီ နှင့် Max Myanmar ဝန်ထမ်းများက စီမံ ကိန်း ဧရိယာအတွင်းရှိ ဒေသခံများ၏ မြေယာများကို ထိုက်တန်သည့်လျော်ကြေးမပေးလိုသောကြောင့် ဈေးအသက်သာဆုံးဖြင့် အရောင်းအဝယ် ပုံစံဖြစ်ရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း၊ နဘုလယ်၊ ကန်ဘောက် အပါအဝင် အနီးဝန်းကျင်ရှိ ကျေးရွာများမှှ မြေ
ယာ များ ဖြစ်ကြောင်းလည်း သိရသည်။

“ရွာသားတွေ ဆီမှာ အခုဈေးနဲ့ မရောင်းရင် အသိမ်းခံရမှာတို့၊ နိုင်ငံတော် စီမံကိန်း ဘာ အန္တရာယ်ရှိတယ် ဆိုတာမျိုး ခြိမ်းခြောက်ပြီး တော့ အသက်သာဆုံး ဈေးနဲ့ လိုက်ဝယ်နေကြတယ်”ဟု ဦးကိုကိုကြီးက ဆက်ပြောသည်။

ယမန်နေ့ကလည်း ရန်ကုန်မြို့ရှိ တော်ဝင်နှင်းဆီ ခန်းမတွင် ထားဝယ်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး အဖွဲ့(DDA)မှ ဦးစီး ကျင်းပသော တွေ့ဆုံဆွေးနွေးပွဲကို ဦးကိုကိုကြီး တက်ရောက်ပြီး ယင်းခရီးစဉ် အတွေ့အကြုံများကိုလည်း ရှင်းပြခဲ့သေးကြောင်း သိရသည်။

ဦးကိုကိုကြီး အပါအဝင် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များက ထားဝယ်ဒေသသို့ ပြီးခဲ့သည့် မေလက သွားရောက်၍ ဒေ သခံများနှင့် တွေ့ဆုံခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါ DDA ဆွေးနွေးပွဲကို“ထားဝယ် စက်မှုဇုန် စီမံကိန်း အပေါ် ဒေသခံများ၏ နားလည် သဘောပေါက်မှု သုတေသန စာတမ်း အား အသိပေး တင်ပြချက်”ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ပြီး ရန်ကုန်မှ ထင်ရှားသည့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် ဦးအုန်းနှင့် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ထားဝယ် စီမံကိန်းနှင့် ပတ်သက်၍ ဒေသခံများ အပေါ် အကျိုးသက်ရောက်မှု ကိစ္စများအား သိရှိရန် အတွက် ရည်ရွယ်ပြီး ဆွေးနွေးပွဲ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း DDA အဖွဲ့၏ ရန်ကုန် ညှိနှိုင်းရေမှုး တာဝန်ခံ ဦးဘိုဘိုအောင်က ရှင်းပြသည်။

“အပြောင်းခံရမယ့်ရွာတွေကို နေရာအစုံလိုက်လုပ်ပြီးတော့ သူတို့ရဲ့သဘောထားအမြင်တွေကို ကျနော်တို့ကစစ်ဆေး လေ့လာခဲ့ပြီး တော့ သူတို့က စက်မှုဇုန် စီမံကိန်းကို ဘယ်လိုနားလည် သလဲ၊ ဘယ်လို အစီအစဉ်တွေရှိလဲ၊ အဲဒါတွေ သိချင်လို့ လုပ်တာပါ”ဟု ၎င်းက ဆိုသည်။

DDA အဖွဲ့ကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာလတွင် စတင်တည်ထောင်ခဲ့ပြီး ယခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့က မဂ္ဂါဝပ် ၄၀၀၀ ရှိ ကျောက် မီးသွေး ဓာတ်အားပေးစက်ရုံနှင့် ပတ်သက်ပြီး ဒေသခံများ ဆန္ဒထုတ်ဖော်ခြင်း စသည့် လုပ်ရှုားမှုများကို ပြုလုပ်ခဲ့ကြောင်း သိရ သည်။

ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် တည်ဆောက်ရန် မြန်မာနှင့် Italian-Thai Development ကုမ္ပဏီ တို့အကြား သဘောတူညီမှုကို ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ ၂ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။ ယင်း စီမံကိန်းသည် အရှေ့တောင် အာရှတွင် အကြီးဆုံး စက်မှုဇုန်ဖြစ်လာရန်ရှိပြီး တရုတ်နိုင်ငံ ရှန်ဇန်းစက်မှုဇုန်ကဲ့သို့ တည်ဆောက်ရန် စီစဉ်ထားသည်။

အထူးစီးပွားရေး စက်မှုဇုန်တွင် ပါဝင်မည့် ဆောက်လုပ်ရေး လုပ်ငန်းများအတွက် မြန်မာ ကုမ္ပဏီများက ၆၀ ရာခိုင်နှုန်း ကန်ထရိုက် ရရှိထားပြီး စစ်အစိုးရ ဗိုလ်ချုပ်ကြီးများနှင့် နီးစပ်သော ဦးဇော်ဇော်ပိုင်ဆိုင်သည့် Max Myanmar နှင့် ဘိန်းဘုရင် လော်စစ်ဟန်၏ သား ဦးထွန်းမြင့်နိုင် ပိုင်ဆိုင်သော Asia World ကုမ္ပဏီတို့က အဓိက လုပ်ပိုင်ခွင့် ရရှိထားကြသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading