• English
Friday, May 16, 2025
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကချင်စစ်ပွဲ တနှစ်ပြည့် ဆုတောင်းပွဲများ ကျင်းပမည်

by ကျော်ခ
8 June 2012
in သတင်း
A A
2.3k
VIEWS
Share on FacebookShare on Twitter
ကချင်ပြည်နယ် လိုင်ဇာဒေသတွင် တွေ့ရသော ကချင် စစ်ပြေးဒုက္ခသည် ကလေးတဦး (ဓာတ်ပုံ - ဧရာဝတီ)

မြန်မာအစိုးရ တပ်များနှင့် ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ (KIO)တို့ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားမှု တနှစ်ပြည့်သည့် ဇွန်လ ၉ ရက် နေ့ တွင် ကချင်ပြည်နယ် ငြိမ်းချမ်းရေး အတွက် ရန်ကုန်မြို့နှင့် ကမ္ဘာ့နိုင်ငံ တချို့တွင် ဆုတောင်းပွဲများ ကျင်းပမည်ဖြစ်ကြောင်း ဧရာဝတီ က စုံစမ်း သိရှိရသည်။

ကချင်ပြည်နယ်အတွင်း စစ်ရေး ပဋိပက္ခများ ရပ်တန့်ရေး၊ စစ်မှန်သော ထာဝရငြိမ်းချမ်းရေးဖြစ်တည်ရေး၊ စစ်ဘေးဒုက္ခကြုံတွေ့ နေ ရသော ပြည်သူများ လွတ်မြောက်ရေးတို့ကို ရန်ကုန်မြို့ ဆူးလေဘုရားအနီးရှိ မြို့တော်ခန်းမနှင့် မဟာဗန္ဓုလ ပန်းခြံရှေ့ ကွင်းပြင် တွင် ငြိမ်းချမ်းရေးကွန်ရက်အဖွဲ့က ဦးဆောင်ကာ တိုင်းရင်းသားပေါင်းစုံနှင့် ဘာသာပေါင်းစုံတို့က ဆုတောင်းပွဲ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

RelatedPosts

မန္တလေးတိုင်းထဲက သားကျင်ရွာကို စစ်ကောင်စီဗုံးကြဲ (ရုပ်/သံ)

မန္တလေးတိုင်းထဲက သားကျင်ရွာကို စစ်ကောင်စီဗုံးကြဲ (ရုပ်/သံ)

15 May 2025
40
ဂန့်ဂေါမှာ ဖမ်းဆီးခံရတဲ့ပြည်သူတွေ အသက်အန္တရာယ်စိုးရိမ်ရ (ရုပ်/သံ)

ဂန့်ဂေါမှာ ဖမ်းဆီးခံရတဲ့ပြည်သူတွေ အသက်အန္တရာယ်စိုးရိမ်ရ (ရုပ်/သံ)

15 May 2025
37
မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

15 May 2025
476

“ကျနော်တို့ Peace Network က ဦးဆောင်ပြီးတော့ ရန်ကုန်မှာရှိတဲ့ တိုင်းရင်းသားလူငယ်တွေ၊ လူမှုရေးနိုင်ငံရေးနဲ့ လှုပ်ရှား နေတဲ့ အဖွဲ့တွေ၊ ဘာသာပေါင်းစုံက လူငယ်တွေစုပြီးတော့မှ ကချင် ပဋိပက္ခအရေးနဲ့ မြန်မာပြည်ထာဝရငြိမ်းချမ်းရေး ရရှိဖို့ ကိုယ် ကိုးကွယ် ရာ ဘာသာအတိုင်း ဆုတောင်းကြမှာပါ”ဟု ငြိမ်းချမ်းရေးကွန်ရက်အဖွဲ့ ဦးဆောင်သူ တဦးဖြစ်သူ ကိုမိုးသွေး က ပြောသည်။

ထို့အဖွဲ့က ဦးဆောင်ကာ တက်ရောက်လာသူများနှင့်အတူ စနေနေ့ ညနေ ၄ နာရီ ဆူးလေးဘုရားအနီး မြို့တော်ခန်းမ ရှေ့တွင် အကျႌ ဖြူများနှင့် ကချင်ပုဆိုးများ ဝတ်ဆင်ကာ ဆုတောင်းကြမည်ဟု ဆိုသည်။ သက်ဆိုင်ရာ အာဏာပိုင်များက တားမြစ်ဟန့်တားခြင်းပြုမပြုကိုမူ မသိရှိရသေးဟု သူက ဆက်ပြောသည်။

အလားတူ တိုက်ပွဲပဋိပက္ခများကြောင့် KIO ကပြုလုပ်ပေးထားသော တရုတ်-မြန်မာ နယ်စပ် ဒုက္ခသည်စခန်းအသီးသီးတွင်လည်း စစ်ပွဲများ အမြန်ဆုံးချုပ်ငြိမ်းစေရန်၊ မြန်မာအစိုးရနှင့် KIO တို့ စစ်မှန်သည့် ငြိမ်းချမ်းရေးဆွေးနွေးမှုဖြစ်မြောက်စေရန်နှင့် ဒုက္ခ သည် များ အမြန်ဆုံး နေရပ်ပြန်နိုင်ရေးတို့ကို ဆုတောင်းပွဲများ ပြုလုပ်မည်ဟု ကချင် ဒုက္ခသည် စခန်းများ ကော်မတီ ဥက္ကဌ ဦးဒွဲပီဆား က ပြောပြသည်။

“ငြိမ်းချမ်းရေးမြန်မြန်ရပါစေ၊ ကိုယ့်ဒေသ၊ ကိုယ့်ရပ်ရွာမှာ ကောင်းကောင်းမွန်မွန် အေးအေးချမ်းချမ်းလုံလုံခြုံခြုံနဲ့ နေရဖို့အတွက် ဘုရားသခင် မစ ပေးဖို့ ဆုတောင်းကြမှာပေါ့။ ဒုက္ခသည်တွေကလည်း အိမ်ပြန်ချင်နေကြပြီလေ”ဟု ဦးဒွဲပီဆား က ဧရာဝတီသို့ ပြော သည်။

KIO ဗဟိုဌာနချုပ် အနီး လိုင်ဇာမြို့ပေါ်တွင်လည်း ကချင်လူငယ်အဖွဲ့များ၊ ခရစ်ယာန်အသင်းတော်အဖွဲ့များ၊ ဒုက္ခသည်အကူအညီ ပေးရေးအဖွဲ့များနှင့် ဒေသခံများက ခရစ်ယာန်ဘုရားကျောင်းများတွင်ဆုတောင်းပွဲများပြုလုပ်ရန် ပြင်ဆင်နေကြသည်။

ထို့အတူ ထိုင်း၊ အမေရိကန်၊ အင်္ဂလန်၊ နော်ဝေး၊ ကနေဒါ၊ သြစတြေးလျ၊ ဒိန်းမတ်နှင့် ဂျပန် နိုင်ငံတို့တွင် ရောက်ရှိနေသော ကချင် တိုင်းရင်း သားများက ဦးဆောင်၍ သက်ဆိုင်ရာနိုင်ငံများရှိ ခရစ်ယာန်ဘုရားကျောင်းများတွင် ပြုလုပ်မည်ဖြစ်ကြောင်း စုံစမ်း သိရှိရသည်။

မြန်မာ့ အိမ်နီးချင်းထိုင်းနိုင်ငံတွင် ရောက်ရှိနေသော ကချင် ဘာသာရေးအဖွဲ့များအပါအဝင် ကချင်အဖွဲ့အစည်း အသီးသီးကလည်း အလားတူ ဆုတောင်း သွားကြမည်ဟု သိရသည်။

“တိုင်းပြည်ကြီး အေးအေးချမ်းချမ်းနေနိုင်ဖို့ ကချင်ပြည် အနာဂတ်ငြိမ်းချမ်းရေးရရှိဖို့၊ နှစ်ဘက်ခေါင်းဆောင်တွေ အဆင်ပြေဖို့ ဖိနှိပ် ခံရမှုတွေကလွတ်မြောက်ဖို့နဲ့ ဒုက္ခသည်စခန်းမှာ အခုက မိုးတွင်းလည်းရောက်ပြီးဆိုတော့ ဒုက္ခတွေ လျော့ပါးသွားဖို့ အကူအညီတွေရရှိဖို့နဲ့ ကလေးတွေ အနာဂတ်လှပဖို့ ဘုရားသခင်ဆီမှာ ဆုတောင်းပေးကြမှာပေါ့”ဟု ထိုင်းနိုင်ငံ အခြေစိုက် ကချင်အမျိုးသမီးအဖွဲ့ တည်ထောင်သူ ဒေါ်ရှယ်လီဆိုင်း က ပြောသည်။

၁၉၉၄ ခုနှစ်တွင် KIO နှင့် အစိုးရတို့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးထားခဲ့သော်လည်း ၂၀၁၁ ဇွန်လ ၉ ရက်နေ့က စ၍ တနှစ်ပြည့်ချိန်အထိ ကချင်ပြည်နယ်အတွင်း နှစ်ဘက်တပ်များ အကြား ပြင်းထန်သောတိုက်ပွဲများ ဖြစ်ပွားနေပြီး အပစ်ခတ် ရပ်စဲရေး လုပ် ဆောင်ရန်အတွက် ညှိနှိုင်းမှုများသည်လည်း ရေရာသည့် သဘောတူညီချက် တစုံတရာ မရရှိသေးဘဲ ရှိနေသည်။

နောက်ဆုံးသတင်းအရ ကချင် ဒေသ ငြိမ်းချမ်းရေး အတွက် အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ မှ ရထား ဝန်ကြီး ဦးအောင်မင်းနှင့် ယခုလဆန်းပိုင်းက တွေ့ဆုံခဲ့ပြီး စစ်ရေးကိုအဓိကထား၍ ဆွေးနွေးခဲ့ကြောင်း KIA ဒု စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်က ပြောဆိုထားသည်။

အစိုးရနှင့် KIO တို့ ၂၀၁၁ ခုနှစ် နိုဝင်ဘာလမှ စတင်၍ ၂၀၁၂ ခုနှစ် မတ်လအကြား ၃ ကြိမ်ခန့် တွေ့ဆုံခဲ့ကြသည်။
ယခုအခါ KIO ကဖွင့်လှစ်ပေးထားသော ဒုက္ခသည်စခန်းများရှိ ဒုက္ခသည်များနှင့် တရုတ်နယ်စပ်ရှိဒုက္ခသည်စခန်းများတွင် နေထိုင် သော ဒုက္ခသည်များမှာ ၅၃၀၀၀ ကျော်ရှိကြောင်း သိရသည်။

ထိုဒုက္ခသည်များသည် ယခုအခါ မိုးတွင်းကာလရောက်လာသည်နှင့်အမျှ စားနပ်ရိက္ခာ၊ အမိုးအကာ၊ ကျန်းမာရေးနှင့် ကလေးများ ပညာရေး အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း ဦးဒွဲပီဆားက ပြောသည်။ ကုလသမဂ္ဂ အစားအစာအကူအညီပေးရေး အဖွဲ့ များ ရောက်ရှိလာသော်လည်း စခန်းများရှိ ဒုက္ခသည် ဦးရေ၏ ၄၀ ရာခိုင်နှုန်းသာရရှိသည်ဟု ဆိုသည်။

ယင်းသို့ တိုက်ပွဲများဆက်နေမှုကြောင့် ယခုနှစ်ဧပြီလမှ စတင်ကာ စစ်ပြေးဒုက္ခသည် ၅၀၀၀ ကျော် ထပ်မံတိုးလာကြောင်း၊ ထို့အပြင် KIO ကဖွင့်လှစ်ထားသော ဒုက္ခသည်စခန်းများကို ရောက်ရှိမလာဘဲ၊ တောတောင်များတွင် ထွက်ပြေးပုန်းရှောင် နေသည့် ဒုက္ခသည် ၃၀၀၀ ကျော်ရှိနေပြီး ထိုဒုက္ခသည်များမှာ KIO အပါအဝင် မည်သည့် အဖွဲ့အစည်း၏ အကူအညီကိုမှ မရရှိကြောင်း ဦးဒွဲပီဆား က ပြောသည်။

တိုက်ပွဲပဋိပက္ခများကြောင့် အိုးအိမ်၊ တောင်ယာများကိုစွန့်ခွာထွက်ပြေးခဲ့ကြရသော စစ်ပြေးဒုက္ခသည်များ တရုတ်-မြန်မာ နယ်စပ် ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရသည်မှာ တနှစ်ပြည့်ပြီဖြစ်သော်လည်း အိမ်ပြန်ရရန် မရေရာသေးသော အနေအထားမှာပင်ရှိနေ သေးသည်။

Your Thoughts …
Tags: Kachin StateWar
ကျော်ခ

ကျော်ခ

ဧရာဝတီ

Similar Picks:

War on Economy

War on Economy

by ဘီရုမာ
17 June 2024
186

ကာတွန်း

ငြိမ်းချမ်းရေးအတွက် လုပ်သွားမည်ဟု ကချင် ကွန်မန်ဒိုဟောင်း ပြော

ငြိမ်းချမ်းရေးအတွက် လုပ်သွားမည်ဟု ကချင် ကွန်မန်ဒိုဟောင်း ပြော

by သန်းထိုက်ဦး
19 September 2012
5.2k

“လောလောဆယ်ကတော့ ပြည်တွင်း စစ်ပြေး ဒုက္ခသည်တွေရဲ့ အရေးရယ်၊ နောက်တခါ တကယ် စစ်မှန်တဲ့ ပြည်တွင်း ငြိမ်းချမ်းမှုကို ရရှိအောင် ကြိုးစားချင်တဲ့ စိတ်ရှိပါတယ်”

ပထမ ကမ္ဘာစစ်

ပထမ ကမ္ဘာစစ် နှစ် ၁၀ဝ ပြည့်တော့

by ညီစောလွင်
22 August 2014
4.2k

တရုတ်အင်အား ကြီးထွားလာတာ၊ ဘော်လကန်စစ်ပွဲ၊ ၂၀ဝ၁ စက်တင်ဘာ ၁၁ ရက် အကြမ်းဖက်တိုက်ခိုက်မှု၊ အာဖဂန်စစ်ပွဲ၊ အီရတ်စစ်ပွဲ၊ ၂၀ဝ၈ ကမ္ဘာ့စီးပွားရေး ပျက်ကပ်၊ အာရပ်နွေဦး၊ ဆီးရီးယား ပြည်တွင်းစစ် အားလုံးဟာ ဖူကူယားမားရဲ့ "သမိုင်းနိဂုံး ချုပ်ပြီ"...

MNDA, ကိုးကန့်, ဗမာပြည်ကွန်မြူနစ်ပါတီ

ကိုးကန့် MNDAA ပြောခွင့်ရ ပုဂ္ဂိုလ် ဦးထွန်းမြတ်လင်းနှင့် အင်တာဗျူး

by ဧရာဝတီ
10 February 2015
17.1k

အစိုးရ စစ်တပ်က ၀င်တိုက်တာပါ၊ ကျနော်တို့က အင်အား နည်းနည်းလေးနဲ့ ဘယ်လိုလုပ် ၀င်စီးနိုင်မလဲ။ ကျနော်တို့ အင်အားက ၁ ထောင်လောက် ရှိပါတယ်၊ ဒါပေမယ့် တနေရာ တည်းမှာပဲ စုဖွဲ့နေတာ မဟုတ်ပါဘူး၊

ငြိမ်းချမ်းပါစေ ကချင်မြေ

ငြိမ်းချမ်းပါစေ ကချင်မြေ

by ရွှေကူမေနှင်း
4 June 2013
4.1k

နောက်တော့ လက်နက်နှင့် ငြိမ်းချမ်းရေး လဲသည်ဟု ကြားရသည်။ ၁၀ နှစ်အတွင်း ကချင်ပြည်နယ်က သစ်တော၊ ၀ါးတော၊ ကြိမ်တော၊ တောမှန်သမျှ ပြောင်သလင်းခါသွားသည်

ကချင်ပြည် ငြိမ်းချမ်းရေး နှစ်ဘက် စစ်ရေးခေါင်းဆောင်များ စတင် ဆွေးနွေး

ကချင်ပြည် ငြိမ်းချမ်းရေး နှစ်ဘက် စစ်ရေးခေါင်းဆောင်များ စတင် ဆွေးနွေး

by မန်းသားလေး
11 March 2013
8.1k

ငြိမ်းချမ်းရေး ဆွေးနွေးပွဲ၏ ထူးခြားမှု အနေဖြင့် နှစ်ဘက် စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်များ ကိုယ်တိုင် တက်ရောက် လာခဲ့ကြပြီး စစ်ရေး ကိစ္စများကို အဓိကထား ဆွေးနွေးကြသည်။

Next Post

မသီတာထွေးအမှု ကျူးလွန်သူ တရားခံများအား ရုံးထုတ်စစ်ဆေး

ဘာကိုရွေးမလဲ

ဘာကိုရွေးမလဲ

Please login to join discussion
No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

4 days ago
7k
တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

2 days ago
6.6k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate