ရခိုင်ပြည်နယ်အတွင်း အဓိကရုဏ်း ဖြစ်ပွားမှုများနှင့် ပတ်သက်၍ ယနေ့တွင် သမ္မတ ဦးသိန်းစိန်က မိန့်ခွန်းပြောကြားမည်ဟု သိရသည်။ အကြမ်းဖက်မှုများကြောင့် မတည် မငြိမ်ဖြစ်နေသော မောင်တောမြို့တွင် မြို့ခံ ရခိုင်များအပါအဝင် တခြား တိုင်းရင်းသားများနှင့်အတူ အစိုးရရုံးဝန်ထမ်းများ၊ လူမှုကူညီရေးအသင်းအဖွဲ့များ၊ NGO အဖွဲ့များသည် မောင်တောမြို့ပေါ်ရှိ ဗဟိုကျောင်းနှင့် တခြားဘုန်းကြီးကျောင်းများတွင် သွားရောက်ခိုလှုံနေရကြောင်း၊ မြန်မာအစိုးရက လုံခြုံရေး တာဝန်ယူ ဆောင်ရွက်ပေးနေသော်လည်း မောင်တောမြို့၏ မြို့စွန်နေရာများတွင် နေထိုင်သော အနည်းစု မြန်မာ တိုင်းရင်းသားများမှာလည်း လုံခြုံရေးစိုးရိမ်နေရကြောင်း သိရှိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။