သတင်းတို
မောင်တော မြို့ပေါ်အခြေအနေ တည်ငြိမ်မှုရှိပြီဟု အစိုးရထုတ်ပြန်
This article has been converted from Zawgyi One to Unicode
ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများသည် အစိုးရက စနစ်တကျ ထိန်းသိမ်းဆောင်ရွက်ခြင်း၊ ဒေသခံပြည်သူတို့၏ လုံခြုံရေးကို ကာကွယ်စောင့်လျှောက်ခြင်း၊ ဒေသရပ်ရွာ တည်ငြိမ်အေးချမ်းရေးအတွက် ပုဒ်မှ ၁၄၄ ထုတ်ပြန်၍ အချိန်မီ ထိန်းသိမ်းနိုင်ခဲ့သည့်အတွက် ယနေ့နံနက်ပိုင်းမှစ၍ မောင်တောမြို့ပေါ်တွင် အခြေအနေများ မူလအတိုင်း ပြန်လည်အေးချမ်း လျက်ရှိနေကြောင်း၊ ယင်းတည်ငြိမ်မှုကို ပြည်သူများအနေဖြင့် ဝိုင်းဝန်းကူညီ ထိန်းသိမ်းပေးစေလိုကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန အင်တာနက် စာမျက်နှာတွင် ယနေ့နေ့လည်၌ ထုတ်ပြန်ထားသည်ကိုတွေ့ရသည်။