ရခိုင်ပြည်နယ်အတွင်း မတည်ငြိမ်မှုများနှင့် ပတ်သက်၍ အစိုးရ ရုပ်သံများမှတဆင့် မိန့်ခွန်းပြောကြားမည်ဟု မူလက သတင်းများ ထွက်ပေါ်ခဲ့သော်လည်း ယခု အစီအစဉ် မရှိတော့ကြောင်း သိရသည်။ သမ္မတရုံး အရာရှိတဦး၏ facebook စာမျက်နှာ၌ လက်ရှိအနေအထားတွင် အားလုံးကို စနစ်တကျ ထိန်းသိမ်းထားရှိနိုင်ပြီ ဖြစ်ခြင်း၊ တနိုင်လုံးနှင့်သက်ဆိုင်သော အရေးပေါ် အခြေအနေမျိုး၌သာ ပြည်သူလူထုအား တိုက်ရိုက်ပန်ကြားလေ့ရှိခြင်းတို့ကြောင့် သမ္မတဦးသိန်းစိန်က ပြည်သူများသို့ ပြောကြားမည့် အစီအစဉ် မရှိပါကြောင်း အသိပေးအပ်ပါသည် ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။