အကြမ်းဖက်မှုများဖြစ်ပွားနေသည့် မောင်တောမြို့သို့ ရောက်ရှိနေသော ပြည်ထောင်စုအစိုးရ ကာကွယ်ရေးဝန်ကြီး ဒု ဗိုလ်ချုပ်ကြီးလှမင်းက အိုးအိမ်မဲ့ဖြစ်နေသော ရခိုင်နှင့် တခြားတိုင်းရင်းသား ဒုက္ခသည်များကို လုံခြုံရေးအရ စိတ်ပူပန်စရာ မလိုတော့ကြောင်း၊ အကြမ်းဖက်မှုဖြစ်ပွားရာ နေရာများနှင့် မဖြစ်သေးသော နေရာများကို အကာကွယ် ယူထားပေးနေပြီးဖြစ်ကြောင်းနှင့် ပျောက်ဆုံးနေသော တိုင်းရင်းးသားများကို စစ်တပ်က လိုက်လံရှာဖွေလျက်ရှိပြီး ပြန်လည်နေရာချထားပေးမည်ဟု အာမခံခဲ့ကြောင်း သိရသည်။ မောင်တောမြို့ပေါ်ရှိ အလိုတော်ပြည့် ဘုန်းကြီးကျောင်းသို့ ဒု ဗိုလ်ချုပ်ကြီး လှမင်း ရောက်ရှိနေစဉ် ဒုက္ခသည်များကို ထိုသို့ ကတိပေးပြောဆိုခြင်း ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။