ရခိုင်ပြည်နယ်တွင်ဖြစ်ပွားနေသော အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ရိုဟင်ဂျာ ဒုက္ခသည်များ ထပ်မံဝင်ရောက်လာမည်ကို စိုးရိမ်၍ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကို လုံခြုံရေးပိုမို တင်းကျပ်မည်ဟု ဘင်္ဂလားဒေ့ရှ် နယ်စပ်စောင့်တပ်က bdnews24.com သတင်းဌာနသို့ ပြောကြောင်း ၎င်းဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များအနေနှင့် အကြမ်းဖက်မှုများ မပြန့်နှံ့လာစေရန် ၎င်း နိုင်ငံ အတွင်းရှိ ရခိုင်ရွာများသို့ သွားရောက်၍ ငြိမ်းချမ်းစွာအတူနေထိုင်ရေး တိုက်တွန်းပြီး စောင့်ကြပ်နေကြောင်းလည်း သိရသည်။ ရိုဟင်ဂျာဒုက္ခသည် နှစ်သောင်းငါးထောင်လည်း ယင်းနယ်စပ်ဒေသတွင် ခိုလှုံနေသည်။
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခ ဖြစ်စဉ်များ
တောင်ကုတ်၊ စစ်တွေ၊ မောင်တော၊ ဘူးသီးတောင် စသည့် ဒေသတွင်း၌ ဇွန် လ ဆန်းပိုင်းမှ စတင်ဖြစ်ပွားခဲ့သော အကြမ်းဖက်မှု ပဋိပက္ခဖြစ်စဉ်များကို တလပြည့်သည့်အချိန်အဖြစ် ရက်စွဲအလိုက် အကျဉ်းချုံးဖော်ပြ အပ်ပါသည်။