သတင်းတို
ဒေါ်အောင်ဆန်းစုကြည် ဥရောပ ခရီးစဉ် ထုတ်ပြန်
This article has been converted from Zawgyi One to Unicode
NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် သည် နိုဘဲလ်ငြိမ်းချမ်းရေး ဆု လက်ခံရယူမည့် နော်ဝေ နိုင်ငံ အပါအဝင် ဥရောပ ခရီး စဉ် များကို ဇွန်လ ၁၃ ရက်မှ ၂၉ ရက်အထိ သွားရောက်မည် ဖြစ်ကြောင်း NLD က ထုတ်ပြန်သည်။ ယင်းခရီးစဉ်များအတွင်း ဆွစ်ဇာလန် နိုင်ငံ ဂျနီဗာမြို့ ILO ညီလာခံ၌ မိန့်ခွန်းပြောကြားခြင်း၊ U2 တေးဂီတအဖွဲ့ ဖျော်ဖြေပွဲသို့ တက်ရောက်ခြင်း၊ AI အဖွဲ့က ချီးမြှင့်မည့် Ambassador of Conscience ဆု လက်ခံရယူခြင်း၊ ဗြိတိန် လွှတ်တော်တွင် မိန့်ခွန်း ပြောကြားခြင်းများ အပါအဝင် ပြင် သစ် နိုင်ငံသို့လည်း သွားရောက်မည်ဖြစေ်ကြာင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။