သမ္မတ ဦးသိန်းစိန်က ရခိုင်ပြည်နယ်အတွင်း တည်ငြိမ် အေးချမ်းမှု ပျက်ပြားသည့် အခြေအနေများ ဖြစ်ပေါ် နေ၍ ဇွန်လ ၁၀ ရက်နေ့ ရက်စွဲဖြင့် အရေးပေါ် အခြေအနေ ထုတ်ပြန်ကြေညာလိုက်သည်။ ဇွန်လ ၈ ရက်နေ့က ပုဒ် ၁၄၄ ညမထွက်ရ အမိန့် ထုတ်ပြန်၍ ထိန်းသိမ်း ခဲ့သော်လည်း ဆောင်ရွက်နိုင်စွမ်း မရှိတော့သောကြောင့် ယခုကဲ့သို့ အရေးပေါ်ကာလ အခြေအနေ ထုတ်ပြန်ကြေညာ ရခြင်း ဖြစ်သည်ဟု ဆိုသည်။ သမ္မတ ၏ အမိန့်တွင် တပ်မတော်၏ အကူအညီ ရယူဆောင်ရွက်ရမည်ဟု ပါရှိသည်။ ယင်းအမိန့်သည် နောက်ထပ်အမိန့် တစုံတရာ ထုတ်ပြန်ခြင်း မရှိသရွေ့ အတည်ဖြစ်ကြောင်း၊ ဥပဒေကဲ့သို့ အာဏာတည်ရမည် ဖြစ်ကြောင်းလည်း ယနေ့ထုတ် အစိုးရ သတင်းစာများ၌ ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။