ထိုင်းနိုင်ငံအခြေစိုက် Burmese Rohingya Association in Thailand (BRAT) အဖွဲ့က ရခိုင်ပြည်နယ်တွင်ဖြစ်ပွားနေသော အဓိကရုဏ်းများ ရပ်တန့်ရေး တိုက်တွန်းပေးရန် ရေးသားထားသော စာကို ဘန်ကောက်မြို့ပေါ်ရှိ အမေရိကန်နှင့် အခြားနိုင်ငံ သံရုံးများကို သွားရောက် ပို့ဆောင်ခဲ့ကြသည်။ ယင်း အဓိကရုဏ်းများတွင် ရိုဟင်ဂျာများလည်း သတ်ဖြတ်ခံရမှုများ၊ အိုးအိမ်စွန့်ခွာသွားရမှုများရှိကြောင်း BRAT က ပြောသည်။ ထိုကိစ္စနှင့် ပတ်သက်၍ သီးခြားအတည်ပြုချက် မရရှိသေးပါ။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။