ကမ္ဘာ့ ကုလသမဂ္ဂအဖွဲ့(UN) က ရခိုင်ပြည်နယ်အတွင်းရှိ ၎င်း၏ ဝန်ထမ်းများကို လုံခြုံရေး စိတ်ချရာသို့ ထွက်ခွာခိုင်းနေကြောင်း သိရသည်။ သမ္မတ ဦးသိန်းစိန်က အရေးပေါ် အခြေအနေ ကြေညာချက် ထုတ်ပြန်လိုက်ပြီးနောက် ယင်းသို့ UN ဝန်ထမ်းများကို ရခိုင်ပြည်နယ်ပြင်ပ အန္တရာယ်ကင်းရာသို့ ထွက်ခွာခိုင်းနေခြင်းဖြစ်ကြောင်း CNN သတင်း၌ ဖော်ပြထားသည်။ ယမန်နေ့ ညပိုင်းတွင် ဦးသိန်းစိန်က ရခိုင်ပြည်နယ်ကို အရေးပေါ်အခြေအနေ ကြေညာခဲ့ခြင်း ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။