သတင်းတို

ရခိုင် ဒုက္ခသည် ၄၀၀၀ ကျော် အစိုးရ ကူညီထားဟု ဆို

This article has been converted from Zawgyi One to Unicode

ရခိုင်ပြည်နယ် မောင်တော၊ ဘူးသီးတောင် နှင့် စစ်တွေမြို့နယ်များတွင် ဆူပူ အကြမ်းဖက်မှုများကြောင့် နေအိမ်များ မီးလောင် ဆုံးရှုံးမှုများနှင့် ရင်ဆိုင်နေရသူများအတွက် အစိုးရက ဒုက္ခသည် စခန်း ၆ ခု ဖွင့်၍ ဆန်၊ ဆီ၊ ဆား များ လှှူဒါန်း ကူညီထားကြောင်း သိရသည်။ မောင်တောမြို့ ပရဟိတကျောင်း၊ အောင်မြေဗောဓိကျောင်း၊ ဗဟိုကျောင်း၊ အလယ်သံကျော်၊ ရဲတပ်ရင်း ၂ တို့၌ လည်း ကောင်း၊ ဘူးသီးတောင်မြို့ အ.မ.က ၁ ကျောင်း စသည့် ဒုက္ခသည် စခန်းများတွင် ရောက်ရှိနေသော ဒုက္ခသည် ၄၁၅၄ ဦး အား ကူညီစောင့်ရှောက်မှုများ ပေးလျက်ရှိကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများက ဖော်ပြသည်။ ထို့အပြင် ယင်းဒုက္ခသည်များကို လှူဒါန်း ကူညီကြရန်လည်း နှိုးဆော် တိုက်တွန်း ထားသည်။ သတင်း တချို့၌ မောင်တော တမြို့တည်းတွင် ဒုက္ခသည် ၅၀၀၀ ခန့်ရှိကြောင်း ဖော်ပြသည်။

Loading