သတင်းတို

EU လည်း ရခိုင်ပြည်အရေး စိုးရိမ်

This article has been converted from Zawgyi One to Unicode

ရခိုင်ပြည်နယ်တွင် လတ်တလော ဖြစ်ပွားနေသည့် ပဋိပက္ခများနှင့် ပတ်သက်ပြီး စိုးရိမ်ကြောင်း ဥရောပ သမဂ္ဂ(EU)ကပြောဆို လိုက်သည်။ လူသေဆုံးသည်အထိ ဖြစ်ပွားသည့် အကြမ်းဖက်မှုများကို ထိတ်လန့်မိကြောင်း၊ သမ္မတ ဦးသိန်းစိန် ၏ ဆောင်ရွက်ချက်များသည် အားရစရာ ဖြစ်သော်လည်း အခြေအနေများ ပြန်လည်ကောင်းမွန် မလာသေးသည့် အတွက် အနီးကပ် စောင့်ကြည့်မှုများ ပြုလုပ်နေကြောင်း EU နိုင်ငံခြားရေး မူဝါဒဆိုင်ရာ အကြီးအကဲ Catherine Ashton ၏ ပြောခွင့်ရှိသူ Maja Kocijanic က ပြော ဆိုသည် ဟု VOA က ထုတ်လွှင့်ထားသည်။

Loading