နိုဘဲလ် ဆု ပေးရေးအဖွဲ့က ယခုနှစ်တွက် ပေးအပ် မည့် နိုဘဲလ်ဆု ကြေးများကို၂၀ ရာခိုင်နှုန်း လျှော့ချ၍ ဆွီဒင် ခရိုနာ ၈ သန်း(ဒေါ်လာ ၁.၁ သန်းခန့်)ပေးမည် ဖြစ်ကြောင်း သိရသည်။ ၂၀၀၉ ခုနှစ်အထိ ခရိုနာ ၁၀ သန်း ပေးအပ် ခဲ့ ကြောင်း နိုဘဲလ်အဖွဲ့ကထုတ်ပြန် ထားသည်။ ယင်းသို့ ဆုကြေးငွေများ လျှော့ချရခြင်း မှာ နောင်ဖြစ်ပေါ် လာနိုင် မည့် ငွေ ကြေး ဖောင်းပွမှုကို ကြိုတင်ထိန်းညှိသည့် အနေဖြင့် ဖြစ်ပြီး အနာဂတ်တွင် ဆုများ ဆက်လက် ပေးနိုင် ရေး အတွက်ဖြစ်ကြောင်း AP သတင်း ၌ ရေးသားထားသည်။ နှစ်စဉ် ပေး အပ် သည့် နိုဘဲလ်ဆု များမှာ ရူပဗေဒ ၊ ဓာတုဗေဒ၊ ဆေးဘက် ဆိုင်ရာ၊ စာပေ ၊ စီးပွားရေး သိပ္ပံ နှင့် ငြိမ်းချမ်းရေး ဆုများဖြစ်သည်။ ယခုနှစ်တွင် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၉၁ ခုနှစ် အတွက် နိုဘဲလ် ငြိမ်းချမ်းရေး ဆု ကို လက်ခံ ရယူမည်ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။