• English
Wednesday, July 16, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရင်းနှီးမြှုပ်နှံမှုများ မလာမီ ဒေသခံများအတွက် စဉ်းစားပေးရန် ရှမ်းအဖွဲ့များ ပြော

by သန်းထိုက်ဦး
12 June 2012
in သတင်း
A A
ရင်းနှီးမြှုပ်နှံမှုများ မလာမီ ဒေသခံများအတွက် စဉ်းစားပေးရန် ရှမ်းအဖွဲ့များ ပြော

ရှမ်းပြည်နယ် သီပေါမြို့တွင် တွေ့ရသော တရုတ် ဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်ရေး လုပ်ငန်းခွင် တနေရာ (ဓာတ်ပုံ - ရွှေ သဘာဝဓာတ်ငွေ့ လှုပ်ရှားမှုအဖွဲ့)

3k
VIEWS
Share on FacebookShare on Twitter

အစိုးရအနေနှင့် စစ်မှန်သော နိုင်ငံရေး ပဋိပက္ခဖြေရှင်းမှုများ ပြုလုပ်ပြီးနောက် ဒေသခံ ပြည်သူလူထု၏ ဘဝရှင်သန်ရေးကို ကာကွယ်စောင့်ရှောက်ပေးသည့် ရင်းနှီးမြှုပ်နှံမှု မူဝါဒ ရှိမှသာလျှင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ၏ စီမံကိန်းများကို လက်ခံစဉ်းစားသင့်ကြောင်း ရှမ်းလူထုအခြေပြု အဖွဲ့များက ယနေ့ တိုက်တွန်းလိုက်သည်။

ရှမ်းပြည်နယ်ရှိ စီမံကိန်းကြီးများ ဖြစ်သော ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများ တည်ဆောက်ရေး၊ အကြီးစား ရေအားလျှပ်စစ် ထုတ်လုပ်မည့် ရေကာတာများ၊ သတ္တုတူးဖော်ရေး လုပ်ငန်းများနှင့် သစ်ထုတ်လုပ်ရေးလုပ်ငန်းတို့ကို ချက်ချင်း ရပ်တန့်ထားရမည်ဟု ရှမ်းအဖွဲ့များက ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်၍  သတင်းထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

RelatedPosts

စစ်တပ်က ဘာအားကိုးနဲ့ ပြန်ခြိမ်းခြောက်နေသလဲ (ရုပ်/သံ)

စစ်တပ်က ဘာအားကိုးနဲ့ ပြန်ခြိမ်းခြောက်နေသလဲ (ရုပ်/သံ)

15 July 2025
156
ထိုင်း-မြန်မာနယ်စပ်သည် ဝန်ထုပ်ဝန်ပိုးမဟုတ်၊ ခိုင်မြဲသော ချစ်ကြည်ရင်းနှီးမှုသာ ဖြစ်စေလို

ထိုင်း-မြန်မာနယ်စပ်သည် ဝန်ထုပ်ဝန်ပိုးမဟုတ်၊ ခိုင်မြဲသော ချစ်ကြည်ရင်းနှီးမှုသာ ဖြစ်စေလို

15 July 2025
151
ကြေမွသွားတဲ့ စစ်ကောင်စီရဲ့ သက်ရှိစည်းရိုး (ရုပ်/သံ)

ကြေမွသွားတဲ့ စစ်ကောင်စီရဲ့ သက်ရှိစည်းရိုး (ရုပ်/သံ)

15 July 2025
49

သတင်းစာရှင်းလင်းပွဲကို ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှား ဆောင်ရွက်ရေး အသင်း (SWAN)၊ ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင်၊ ရှမ်း သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ စသည့်အဖွဲ့များက ဦးဆောင် ကျင်းပခြင်းဖြစ်သည်။

ရှမ်းပြည်၏ လက်ရှိ နိုင်ငံရေးအခြေအနေနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဒေသခံများအပေါ် အကျိုးသက်ရောက်မှု ကိစ္စများအားသိရှိရန် ရည်ရွယ်ပြီး ယခုကဲ့သို့ ပြုလုပ်ရခြင်းဖြစ်ကြောင်း SWAN မှ မယိင်းဟန်ဖက ရှင်းပြသည်။

ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းများ ပြုလုပ်နေသော ရှမ်းပြည်နယ် မြောက်ပိုင်း သီပေါမြို့နယ်ရှိ ကျေးရွာ သေခံများအနေဖြင့် ဘေးအန္တရာယ်များနှင့် ရင်ဆိုင်ရဖွယ် ရှိကြောင်း ၎င်းက ဆိုသည်။

အဆိုပါ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများကို ဆားများထွက်နေသည့် မြေအောက်အတွင်း၌ မြှုပ်နှံမည် ဖြစ်သောကြောင့် သံချေးတက်၍ ပေါက်ကွဲနိုင်သည်ဟု ယူဆပြီး ကျေးရွာဒေသခံများက စိုးရိမ်နေကြသော်လည်း အာဏာပိုင်များက ယင်းကိစ္စများကို လျစ်လျူရှုထားသည်ဟု သိရသည်။

“မြေတွေက ဆားဓာတ်တွေ အများကြီး ပါတယ်၊ သဘာဝဓာတ်ငွေ့ ပိုက်လိုင်း မပြောနဲ့၊ လျှပ်စစ်မီး ဓာတ်တိုင်တွေ လာစိုက်တာတောင်မှ လေး၊ ငါးလလောက်ပဲ ခံတယ်။ မြေကြီးတွေမှာ ဆားတွေပါတော့ သံတိုင်တွေ သံချေးတက်ပြီး မကြာဘူး လဲကျကုန်တယ်”ဟု မယိင်းဟန်ဖက ပြောသည်။

ယင်း သဘာဝဓာတ်ငွေ့ စီမံကိန်း ပြုလုပ်နေသောကြောင့် လယ်သမားအများစုမှာ စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ရန် အခက်အခဲမျိုးစုံနှင့် ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ဒေသခံ ကိုထွန်းကျော်က ပြောသည်။

“တချို့လယ်သမားတွေ အသီးအနှံတွေ သယ်နေရတဲ့ အချိန်မှာ ရှမ်းပြည်မှာ ထော်လာဂျီပဲ သုံးကြတာကိုး။ သွားမယ်ဆိုရင် မရဘူး၊ လှည်းနွားဆိုရင် ဝေးမှဝေးပေါ့။ စပါးစိုက်ပါဆိုတော့လည်း ၁၀ ဦးမှာ တဦးပဲ စိုက်ပါတယ်။ စိုက်နေတဲ့ အချိန်မှာ လယ်ပိတ်လိုက် ပြုလိုက်ကြတော့ စိုက်ပြီးသား လယ်တွေ ၁၅ ရက်လောက်ဆိုရင် ရေမရတော့ ပျက်စီးကုန်တယ်” ဟု ၎င်းက ဆိုသည်။

ရေနံနှင့် သဘာဝဓာတ်ငွေ့ စီမံကိန်းကို တရုတ် အမျိုးသားရေနံကော်ပိုရေးရှင်း (CNPC) က ပြုလုပ်နေပြီး ရခိုင်ပြည်နယ် ရမ်းဗြဲကျွန်းမှတဆင့် ရခိုင်ရိုးမကို ဖြတ်ကျော်မည်ဖြစ်ပြီး မကွေးတိုင်း ပွင့်ဖြူမြို့နယ်အတွင်းမှ ဧရာဝတီမြစ်ကို ဖြတ်၍ ရေနံချောင်းမြို့ နယ်သို့ ဖြတ်မည် ဖြစ်သည်။

ထိုမှတဆင့် မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ်နှင့် ပုသိမ်ကြီးမြို့နယ်မှ မေမြို့သို့လည်းကောင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်း သီပေါ၊ ကျောက်မဲ၊ လားရှိုးဒေသမှ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့နှင့် ကွမ်ကျိုးပြည်နယ် ချုံကင်းမြို့အထိ ဖောက်လုပ်မည် ဖြစ်ကြောင်း သိရသည်။

သတင်းများဖော်ပြထားချက်အရ သဘာ၀ ဓတ်ငွေ့ပိုက်လိုင်းသည် စုစုပေါင်း ၂၈၀၆ ကီလိုမီတာ ရှည်လျားမည် ဖြစ်ပြီး ဖြတ်သန်းမည့် ဒေသတလျှောက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ပိုင်နိုင်ရန် CNPC အဖွဲ့က အမေရိကန် ဒေါ်လာ ၆ သန်းခန့်
မြန်မာအစိုးရကို ပေးအပ်ထားကြောင်း ဆိုသည်။

ရှမ်းပြည်နယ်အတွင်းရှိ လက်နက်ကိုင် အဖွဲ့အစည်းများက အစိုးရနှင့် အပစ်အခတ်ရပ်စဲရန် ဆွေးနွေးကြသော်လည်း ပဋိပက္ခ၏ အကြောင်းအရင်များ ဖြစ်သည့် တိုင်းရင်းသား လူမျိုးများ အခွင့်အရေး ကင်းမဲ့မှုနှင့် အစိုးရတပ်များ စိုးမိုးမှုတို့ကို ဖြေရှင်းနိုင်ခြင်း မရှိသေးကြောင်းလည်း ရှမ်းအဖွဲ့များ၏ ပူးတွဲ ထုတ်ပြန်ချက်တွင်ပါရှိသည်။

Your Thoughts …
Tags: Gas PipelinesShan State
သန်းထိုက်ဦး

သန်းထိုက်ဦး

ဧရာဝတီ

Similar Picks:

ပွင့်လင်းမြင်သာမှု မရှိသော ဘော်ဆိုင်း သတ္တု တူးဖော်မှုများ

ပွင့်လင်းမြင်သာမှု မရှိသော ဘော်ဆိုင်း သတ္တု တူးဖော်မှုများ

by ကိုဖိုးသား (တောင်ကြီး)
2 February 2013
10.2k

အဲဒီ ကုမ္ပဏီတွေက နိုင်ငံတော် စီမံချက်လိုလို၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ရဲ့ တရားဝင် ခွင့်ပြုချက်နဲ့ လိုလို ပြောတော့ ပေးသလောက်နဲ့ ကျေနပ်နေရတာပေါ့” ဟု ဖျက်ဆီးခံရသော ခြံယာမြေပိုင်ရှင် တဦးက ပြောသည်။

ဟော်နန်းအိုသို့ အလည်တခေါက်

ဟော်နန်းအိုသို့ အလည်တခေါက်

by ရန်ပိုင်
22 September 2012
16.1k

ဆင်ငိုမြက်များ ဖုံးနေသော ခြံအ၀င် လမ်းလေးနှင့် အဖြူရောင် ဆေးသား ပြယ်လွင့်နေသည့် သော့ခတ် ထားသော သံတံခါး ကြီးကို ကြည့်ခြင်းဖြင့် ဤခြံသည် လူအ၀င် အထွက် နည်းပါးမှန်း သိသာလှ၏။

လက်ဖက်မြို့တော်သို့ အလည်တခေါက်

လက်ဖက်မြို့တော်သို့ အလည်တခေါက်

by ရန်ပိုင်
15 August 2013
5.9k

ရှမ်းပြည်သည် မြန်မာဘုရင်များ လက်ထက်မှ ကိုလိုနီခေတ်တိုင် စော်ဘွားတို့၏ အုပ်ချုပ်ခံဒေသ ဖြစ်၏။ ထို့နောက် တရုတ်ဖြူ ကျူးကျော်စစ်ကို အကြောင်းပြု၍ စစ်တပ်များ ရောက်ရှိ လာခဲ့ရာမှ ပြန်မသွားတော့။ နောက်ပိုင်း၌ စော်ဘွားများ ကိုယ်တိုင် အာဏာစွန့်လိုက်ရသည့် အဖြစ်သို့...

ပန်းဆေး ကျော်မြင့်၏ တူ ထွက်ပြေး လွတ်မြောက်ရာမှ ပြန်ဖမ်းမိ

ပန်းဆေး ကျော်မြင့်၏ တူ ထွက်ပြေး လွတ်မြောက်ရာမှ ပြန်ဖမ်းမိ

by နန်းဆိုင်နွမ်
16 July 2013
8.3k

လူသတ် တရားခံများတွင် ခေါင်းဆောင် ဖြစ်သည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (ပန်းဆေး ပြည်သူ့စစ် ခေါင်းဆောင်) ပန်းဆေး ကျော်မြင့်၏တူ လီဖန် (ခ) မောင်ရဲအောင်ထွေးနှင့် အပေါင်းအပါ တဦးကို ဖမ်းဆီးမိထားပြီ

လွှတ်တော်အမတ် ၂ ဦးနဲ့ ရှမ်းမြောက်တောင်တန်း မူးယစ်နယ်မြေ

လွှတ်တော်အမတ် ၂ ဦးနဲ့ ရှမ်းမြောက်တောင်တန်း မူးယစ်နယ်မြေ

by ကျော်ခ
28 January 2016
127.8k

ဦးတီခွန်မြတ်နဲ့ ပန်းဆေး ဦးကျော်မြင့်တို့ ထိန်းချုပ်နယ်မြေ မဟုတ်ရင် ဘိန်း မစိုက်ရဲဘူးလို့တောင် ပြောဆိုသူတွေ ကိုလည်း တွေ့ခဲ့ရပါတယ်

လားရှိုးက လောင်းကစား ဂိမ်းများနှင့် အရှုံး သံသရာ

လားရှိုးက လောင်းကစား ဂိမ်းများနှင့် အရှုံး သံသရာ

by နန်းဆိုင်နွမ်
5 April 2013
7k

ဒီငမန်းက အရမ်းစွဲတယ်။ ဘိန်း တမျိုးလို့တောင် ပြောလို့ ရတယ်။ ထိုင် ဆော့ပြီးရင် ပြန် မထချင်အောင် ပါပဲ။ ဒီဂိမ်းကြောင့် ဘ၀ပျက်တဲ့ သူတွေတောင် ရှိပါတယ်

Next Post
ရခိုင်ရှိ ဒုက္ခသည်များ အကူအညီ လိုအပ်နေ

ရခိုင်ရှိ ဒုက္ခသည်များ အကူအညီ လိုအပ်နေ

အလုပ်သမား အခြေခံလစာ နိုင်ငံတကာစံနှုန်းနှင့်အညီ သတ်မှတ်

အလုပ်သမား အခြေခံလစာ နိုင်ငံတကာစံနှုန်းနှင့်အညီ သတ်မှတ်

Please login to join discussion
No Result
View All Result

Recommended

စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

7 days ago
8.7k
NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

5 days ago
4.4k

Most Read

  • အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    shares
    Share 0 Tweet 0
  • နောင်ချိုမှ တပ်မဆုတ်သေးဟု TNLA ပြော

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0
  • ငြိမ်းချမ်းရေးဖိုရမ် လမ်းပြ ရွေးကောက်ပွဲက ထွက်လမ်းလား ကျလမ်းလား

    shares
    Share 0 Tweet 0
  • အိန္ဒိယတိုက်ခိုက်မှု ရဲစွမ်းသတ္တိရှိသည့် စစ်သည်များ ဆုံးရှုံးရဟု နာဂအဖွဲ့ပြော

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate