သတင်းတို
ဦးသိန်းစိန်နှင့် ငြိမ်းချမ်းရေး အကူအညီ အဖွဲ့ တွေ့ဆုံ
This article has been converted from Zawgyi One to Unicode
သမ္မတ ဦးသိန်းစိန်နှင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ပါဝင်ပူးပေါင်း ဆောင်ရွက်ရန်လာရောက်သည့် Peace Donor Support Group(PDSG) အဖွဲ့တို့ ယမန်နေ့က နေပြည်တော်တွင် တွေ့ဆုံ ဆွေးနွေးသည်။ ကချင်ဒေသ အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်များနှင့် ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေးဆိုင်ရာများ၊ ဒီမိုကရေစီ ဆက်လက် ရှင်သန်ရေးအတွက် တည်ငြိမ် အေးချမ်းရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာများကို ဆွေးနွေးကြောင်း၊ PDSG အဖွဲ့က မြန်မာနိုင်ငံ ငြိမ်းချမ်းရေး လုပ်ငန်းများနှင့် ဖွံ့ဖြိုးရေး ဆိုင်ရာများအတွက် အလှူငွေများ ထည့်ဝင်ကြောင်း အစိုးရ သတင်းစာများ၌ ဖော်ပြသည်။ PDSG ကမ္ဘာ့ ကုလသမဂ္ဂ၊ သြစတြေးလျ၊ ဗြိတိန်၊ ကမ္ဘာ့ဘဏ် နှင့် ဥရောပ သမဂ္ဂ အဖွဲ့တို့ ပါဝင်ကြောင်း သိရသည်။