လတ်တလောဖြစ်ပွားနေသည့် ရခိုင်ပြည်နယ် ပဋိပက္ခ အရေးနှင့် ပတ်သက်ပြီး ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဘီဂျေ နမ်ဘီယာ နှင့် သမ္မတ ဦးသိန်းစိန်တို့ ဆွေးနွေးကြောင်း သိရသည်။ အရေး ပေါ် အခြေအနေ ကြေညာချက် အပါအဝင် ရခိုင်ပြည်နယ်အရေး ဆောင်ရွက်ချက်များသည် ထင်သာမြင်သာ ရှိရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် လူ့အခွင့်အရေး လေးစားလိုက်နာရေး၊ လက်ရှိဆောင်ရွက်နေသော မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး ဆိုင်ရာများကို မထိခိုက်ရေး စသည်တို့ကို ဆွေးနွေးကြသည်ဟု ကုလသမဂ္ဂ က ထုတ်ပြန်ထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။