မန္တလေးမြို့တွင် ရခိုင်ပြည်နယ် ပဋိပက္ခနှင့် ပတ်သက်ပြီး ယနေ့ ကျင်းပမည့် ဘာသာပေါင်းစုံ သြဝါဒခံယူပွဲကို တိုင်းဒေသ ဝန်ကြီးက ခွင့်မပြု၍ အစီအစဉ် ဖျက်သိမ်း လိုက်ရကြောင်း သိရသည်။ ကျင်းပခွင့်ကို ၇ ရက်ကြိုတင် မတောင်းခံသည့်တွက်ကြောင့် ဖျက်သိမ်း ရခြင်းဖြစ်ပြီး ယင်းပွဲတွင် ဗုဒ္ဓဘာသာ ဆရာတော်ကြီးများနှင့် မွတ်စလင် ခေါင်းဆောင်ကြီးများက ရခိုင်ဒေသတွင် ဖြစ်ပေါ်နေသည့် ပဋိပက္ခများ ကူးစက်မလာစေရန်အတွက် တည်ငြိမ်အေးချမ်းမှုကို အလေးထားဟောပြောမည် ဖြစ်သည်ဟု ဆိုသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။