သတင်းတို

ရခိုင် ဒုက္ခသည်များ ကူညီရန် အနုပညာရှင်တချို့ စစ်တွေသို့ ရောက်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ် အတွင်းဖြစ်ပွားနေသော အဓိကရုဏ်း အခြေအနေများကြောင့် ကယ်ဆယ်ရေး စခန်းများတွင် ခိုလှုံနေရသော ဒုက္ခသည် များအတွက် အစားအသောက် အစရှိသည့် အကူအညီများပေးနိုင်ရန် ရှပ်ရှင်သရုပ်ဆောင် ပြေတီဦး၊ ဒါရိုက်တာ ဝိုင်း နှင့် မက်စ်မြန်မာ ကုမ္ပဏီပိုင်ရှင် ဦးဇော်ဇော်တို့ စစ်တွေမြို့ကို ရောက်ရှိနေကြောင်း စုံစမ်းသိရှိရသည်။ စစ်တွေမြို့ပေါ်တွင် ဒုက္ခသည် စခန်းပေါင်း ၃၄ ခုရှိနေပြီး ယမန်နေ့မွန်းလွဲပိုင်းအထိ စာရင်းများအရ ဒုက္ခသည် စုစုပေါင်း ၈၅၀၀ ကျော်ရှိနေသည်ဟု ဆိုသည်။ နောက်ထပ် တိုးလာသည့် ဒုက္ခသည်များလည်း ရှိနေကြောင်း စစ်တွေရောက် ပြည်တွင်း သတင်းထောက်များက ပြောသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading