အိန္ဒိယအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာခဲ့သော ရခိုင်နှင့် ကရင် တော်လှန်ရေးသမား ၃၄ ဦး အနက်မှ ၃၁ ဦးသည် ကမ္ဘာ့ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက အစီအစဉ်ဖြင့် နယ်သာလန်နိုင်ငံ၌ အခြေချ နေထိုင်ရန် လာမည့် တနင်္လာနေ့တွင် အိန္ဒိယနိုင်ငံမှ ထွက်ခွာမည်။ ရခိုင်တော်လှန်ရေးသမားတဦးနှင့် ကရင်တော်လှန်ရေးသမားတဦးတို့မှာမူ အခြေချနေထိုင်ခွင့်ပေးမည့် နိုင်ငံ ရှာဖွေနေဆဲဖြစ်သည်။ အိန္ဒိယ မှ အခြေစိုက်စခန်းအတွက် ကျွန်းတခု ပေးမည်ဆိုသော ဖိတ်ခေါ်ချက်ဖြင့် အိန္ဒိယပိုင် အက်ဒမန်နှင့် နီကိုဘာကျွန်းစုသို့ ရောက်လာသော အဆိုပါ တော်လှန်ရေးသမားများကို အိန္ဒိယ ရေတပ်မှ ဖမ်းဆီးခဲ့သည်။ သူတို့ကို ပို့တ် ဘလဲတွင် အကျယ်ချုပ်နှင့်ထားခဲ့ပြီး ကာလ်ကတ္တား ထောင်တွင် ပြောင်းရွှေ့ အမှုစီရင်ခဲ့ပြီးနောက် ပြီးခဲ့သည့်နှစ် မေလ ၁၉ ရက်နေ့က အပြီးတိုင် လွတ်မြောက် လာခဲ့ခြင်း ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။