ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော ပဋိပက္ခများနှင့် ပတ်သက်ပြီး ဖြစ်ရပ်မှန် သတင်းများကို အချိန်နှင့် တပြေးညီ အစိုးရသတင်း မီဒီယာများက ထုတ်ပြန်ဖော်ပြပေးရန် မြန်မာ စာနယ်ဇင်းသမဂ္ဂ ဖြစ်မြောက်ရေးကော်မတီက ကြေညာချက်ထုတ် တောင်းဆိုလိုက် သည်။ ကောလာဟလ မမှန်သတင်းများ မပြန့်ပွားစေရန်အတွက် တရားဥပဒေ စိုးမိုးရေး တာဝန်ရှိသော အစိုးရအနေနှင့် ဖြစ်ရပ်မှန် သတင်းများကို သတင်းစာရှင်းလင်းပွဲပြုလုပ်၍ သော်လည်းကောင်း၊ နိုင်ငံပိုင် သတင်းမီဒီယာများမှ ပွင့်လင်းစွာဖြင့် အချိန်နှင့်တပြေးညီ ဖော်ပြပေးရန် မေတ္တာရပ်ခံကြောင်း ယနေ့ ထုတ်သည့် ကြေညာချက်၌ ပါရှိသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။