မြန်မာနိုင်ငံဘက်မှ လှေများဖြင့် ထွက်ပြေးလာသော ရိုဟင်ဂျာ မွတ်စလင် ဒုက္ခသည်များကို ဘင်္ဂလားဒေ့ရှ် နယ်စပ် လုံခြုံရေးတပ်ဖွဲ့များက တားမြစ်မှုများပြုလုပ်နေကြောင်း AFP သတင်းက ရေးသားသည်။ ယနေ့တွင် လှေ ၃ စီးကျော် တားမြစ်ခံရပြီး တနင်္လာနေ့မှ စတင်ထွက်ပြေးလာသည့် လှေများမှာ လူ ၆၆၀ ကျော်ကို သယ်ဆောင်လာသည့် လှေ ၁၆ စီးရှိကြောင်း၊ အများစုမှာ အမျိုးသမီးများနှင့် ကလေးများ ဖြစ်ကြောင်း၊ ၎င်းတို့သည် ရခိုင်ပြည်နယ်အတွင်း လတ်တလော ဖြစ်ပွားနေသည့် ပဋိပက္ခများကြောင့် ထွက်ပြေး လာရခြင်း ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။ ယင်းသို့ ထွက်ပြေးလာသူများအတွက် ဘင်္ဂလားဒေ့ရှ် နယ်စပ်ကို ဖွင့်ပေးရန် အမေရိကန် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေး အဖွဲ့(HRW)ကလည်း ယနေ့ ကြေညာချက်ထုတ်၍ တိုက်တွန်းထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။