ကရင်ပြည်နယ် ပိုင်ကျုံမြို့နယ် အတွင်းရှိ ဒေသခံပြည်သူများ သန်းခေါင်စာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ် ရရှိရန် One Stop Service ဖြင့် အစိုးရ လူဝင်မှုကြီးကြပ်ရေး (လဝက) က အခမဲ့ ဆောင်ရွက်ပေးနေကြောင်း သိရသည်။ ပိုင်ကျုံမြို့ပေါ် ရပ်ကွက်များနှင့် မြို့နယ်အတွင်းရှိ ကစိုကျေးရွာ၊ ပိုင်ကျုံမြို့နှင့် မိုင် ၂၀ ခန့်အကွာရှိသည့် ဒေါနတောင် အရှေ့ဘက်နှင့် အနောက်ဘက်ရှိ ဝင်းဘော၊ တာလေ၊ မုန်တိုင်း၊ မိကြောင်၊ ကြက်တူရွေးကျေးရွာ တို့မှ ဒေသခံ တိုင်းရင်းသား ၃၅၀ ကျော်ကိုဆောင် ရွက်ပေးခဲ့ပြီးကြောင်း ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာတွင် ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။