သတင်းတို

RSF ဆု ဇာဂနာ လက်ခံရယူ

This article has been converted from Zawgyi One to Unicode

ပြင်သစ်နိုင်ငံတွင် ရောက်ရှိနေသော လူရွှင်တော် ဇာဂနာသည် ယမန်နေ့က ပဲရစ်မြို့တော်ရှိ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) ဌာနချုပ်သို့ သွားရောက်ပြီး ၂၀၀၈ ခုနှစ်က ပေးအပ်ထားသော သတင်းလွတ်လပ်ခွင့်ဆုအား လက်ခံရယူခဲ့သည်။ အင်တာနက်မှတဆင့် လူ့အခွင့်အရေး လှုပ်ရှားသူများအား ပေးအပ်သည့် RSF ၏ သတင်းလွတ်လပ်ခွင့်ဆုကို ထိုစဉ်က အကျဉ်းကျနေကြသော ဇာဂနာ နှင့် ဘလော်ဂါနေဘုန်းလတ်တို့ ပူးတွဲ ရရှိခဲ့ကြသည်။

Loading