ရန်ကုန် မင်္ဂလာတောင်ညွန့် မြို့နယ်တွင် ရုံးချုပ်တည်ရှိသော မြန်မာအမျိုးသား ကွန်ကရက်ပါတီက ယခင်အသုံးပြုနေသော အလံပုံစံအစား ခွပ်ဒေါင်းတံဆိပ်ပုံဖြင့် ပြောင်းလဲအသုံးပြုမည်ဖြစ်၍ ယင်းပါတီပြင်ဆင်သုံးစွဲမည့် အလံပုံစံအား ယခုလ ၁၃ ရက်နေ့မှစ၍ ၇ ရက်အတွင်း ကန့်ကွက်နိုင်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကြေညာထားသည်။ ယခု ပြောင်းလဲသုံးစွဲမည့် အလံပုံစံမှာ အောက်ခံ အနီရောင် အလံပေါ်တွင် အဝါရောင်ခွပ်ဒေါင်းပုံ ပါရှိမည်ဖြစ်သည်။ ယခင်အသုံးပြုခဲ့သော အလံ ပုံစံမှာ အောက်ခံအနီရောင် အလံ၏ အလယ်ဗဟိုက အဖြူရောင် စက်ဝိုင်းထဲတွင် အဝါရောင် ကြယ် တလုံးနှင့်ဖြစ်သည်။ အလံပုံစံပြောင်းရန်လျှောက်ထားသည့် မြန်မာအမျိုးသား ကွန်ဂရက်ပါတီ ကို ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်ခဲ့သူ တသီးပုဂ္ဂလ ကိုယ်စားလှယ် ဦးကောင်းမြင့်ထွဋ် တည်ထောင်ထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။